ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာမယ့် အာဆင်နယ် ကြယ်ပွင့်အကြောင်း ရှာကာ ဖော်ထုတ်
အာဆင်နယ် ကွင်းလယ်လူ ရှာကာ ကတော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား အဆင့်ကို ရောက်ရှိလာမယ့် သူ့ အသင်းဖော် အာဆင်နယ်ကြယ်ပွင့် တစ်ဦး အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ရှာကာ ညွှန်းဆိုခဲ့သူကတော့ လူငယ် တိုက်စစ်မှူး မာတင်နယ်လီ ဖြစ်ပါတယ်။
ဘရာဇီးကြယ်ပွင့် ကစားသမားဟာ ဒီရာသီ အာတီတာရဲ့ အာဆင်နယ်အသင်းမှာ ပွဲတိုင်း ပုံမှန်ပွဲထွက်ခွင့် ရရှိနေပြီး ခြေစွမ်းပြ ကစားလျက်ရှိနေပါတယ်။ ၂၁ နှစ်အရွယ် ကစားသမားဟာ ၂၀၁၉ ခုနှစ်အတွင်း အာဆင်နယ်ကို ပေါင် ၆ သန်းနဲ့ မပြောင်းခင်ကတည်းက ဥရောပထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။
မာတင်နယ်လီဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ခြေစွမ်းပြကစားထားခဲ့ပြီး ၃ ဂိုးသွင်းယူထားခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ၈ပွဲကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ်အထိ ရယူထားတဲ့နေရာမှာလည်း မာတင်နယ်လီရဲ့ စွမ်းဆောင်ရည် တွေက တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်တာဖြစ်ပါတယ်။

ရှာကာ က မာတင်နယ်လီဟာ အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာနိုင်တယ် လို့ ထုတ်ဖော် ချီးကျူးခဲ့တာပါ။
“မာတင်နယ်လီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာမှာပါ။ သူက သူ့ကိုယ် သူ အကောင်းဆုံး ကြိုးစား မောင်းနှင်နေသူတစ်ဦးပါ။ အသင်းဖော်တွေကလည်း သူ့ကို သေချာလေး ကူညီပေးကြပါတယ်”လို့ ရှာကာ က ဖွင့်ဟခဲ့ပါတယ်။
မာတင်နယ်လီ ဟာ အာဆင်နယ်နဲ့ ၂၀၂၄ ထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့လည်း စီစဉ်နေသူပါ။ ၎င်းကို ချယ်ဆီးအသင်းက ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။