ဆလီဘာ စာချုပ်သစ်၊ ချဲလ်ဆီး မျက်စိကျလာတဲ့ မာတင်နယ်လီ၊ စူပါကွန်ပျူတာ ဟောကိန်းနဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ် ကတော့ အခု ရာသီမှာ ခြေစွမ်းပြ နေတဲ့ နောက်ခံလူ ဝီလ်ယံ ဆလီဘာ ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းကို ၃ ဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ ပထမပိုင်းအပြီး အသင်းဖော်တွေကို တောင်းပန်မှု ပြုလုပ် ခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပါတယ်။
အာဆင်နယ် အသင်းရဲ့ ဘရာဇီး တိုက်စစ်ကြယ်ပွင့် မာတင်နယ်လီ ကို အလိုရှိနေတဲ့ အသင်းတွေ ရှိနေပြီး ချဲလ်ဆီး အသင်းလည်း ပါဝင်နေပါတယ်။ မာတင်နယ်လီနဲ့ အာဆင်နယ်ရဲ့ လက်ရှိ စာချုပ်က ၂၀၂၄ ထိ ရှိနေပြီး သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။

အာဆင်နယ် ကွင်းလယ်လူ ရှာကာ က အသင်းဖော် မာတင်နယ်လီဟာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် လူ တစ်ယောက် ဖြစ်လာဖို့ ရှိနေကြောင်း ချီးကျူးစကား ဆိုခဲ့ပါတယ်။
စပါး အသင်း ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် က အာဆင်နယ် အသင်း အနေနဲ့ ကွင်းလယ်လူ ပါတေး တစ်ဦး အပေါ် မှီခို နေလို့ မရကြောင်း ဆိုလိုက်ပြီး ပါတေး နဲ့ ယှဉ်ပြိုင်ဖို့ ဇန်နဝါရီမှာ နောက်ထပ် ကွင်းလယ်လူ တစ်ဦး ခေါ်ယူ သင့်တယ်လို့ ဆိုလိုက်ပါတယ် ။
ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ကတော့ ဒီရာသီ မှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်းဟာ မန်ချက်စတာ စီးတီး အသင်းပြီးရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

စူပါကွန်ပျူတာရဲ့ အောက်တိုဘာ ၃ ရက်နေ့က နောက်ဆုံး ထွက်ပေါ်လာတဲ့ တွက်ချက်မှုမှာ အာဆင်နယ်က ရာသီကုန်ရင် အဆင့် ၂ ရဖို့ ရှိနေပြီး လီဗာပူး၊ စပါး၊ ချယ်ဆီးတို့ကို ကျော်တက် နေရာ ရမှာလို့ ဆိုထားပါတယ်။
ဘရိုက်တန် နဲ့ ပွဲအပြီးမှာတော့ ကလောပ့် ဟာ နောက်အပတ် ကစားရမယ့် အာဆင်နယ် နဲ့ ပွဲအတွက် mind game ကစားသွားခဲ့ပြီး ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။
” အာဆင်နယ် နဲ့ ပွဲလာတော့မယ် ဆိုတာ ကျွန်တော် သိပါတယ် ၊ တော့တင်ဟမ် နဲ့ ပွဲက အာဆင်နယ် ရဲ့ခြေစွမ်းကို ကျွန်တော်တို့ ဖျတ်ခနဲ မြင်ခဲ့ရပါတယ် ။ ” လို့ ကလော့ပ်က ဆိုခဲ့တာပါ။