ယူရိုပါလိဂ်ပွဲမှာ လူသစ် ပွဲထုတ်မယ့် အာတီတာ၊ အိုဒီဂတ် သတိပေးမှု၊ လိုကွန်ဂါ လိုကတ်တယ်လီ အလဲထပ်နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

နည်းပြ အာတီတာ မနက်ဖြန် မနက် အစောပိုင်းမှာ ကစားရမယ့် နော်ဝေး ကလပ် ဘိုဒိုဂလင့် အသင်းကို အထင်မသေးဖို့ ပြောကြား လိုက်ပီး ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ နယ်လ်ဆင် ကို ပွဲထွက် ကစားခွင့် ပေးသွားမှာ ဖြစ်တယ်လို့ အရိပ်အမြွက် ပြောကြား သွားခဲ့ပါတယ်။

နော်ဝေ ကလပ် အသင်းတွေ အကြောင်း ကောင်းကောင်းသိတဲ့ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ် ကတော့ ဘိုဒိုဂလင့် နဲ့ပွဲဟာ ခက်ခဲမယ့် ပွဲ ဖြစ်ကြောင်း အသင်းသားတွေကို သတိပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီရာသီ အာဆင်နယ် တိုးတက် ပြောင်းလဲလာခြင်းမှာ ရှာကာ၊ ဂျေးဆုနဲ့ ဆာလီဘာ တို့က အဓိက ကျခဲ့ကြောင်း အွန်နရီက ချီးကျူးခဲ့ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ပြီးခဲ့တဲ့ စပါးနဲ့ ပွဲထက် ဒီအပတ် လီဗာပူးအသင်းနဲ့ ပွဲက ပို အရေးကြီးကြောင်း၊ အာဆင်နယ်တို့ အနိုင်ကန်ဖို့ အားလုံးက ပို မျှော်လင့်ကြမှာ ဖြစ်ကြောင်း သတိပေး စကား ဆိုလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ဂျူဗင်တပ် ကွင်းလယ်ကစားသမား လိုကတ်တယ်လီ ကို ရဖို့ လိုကွန်ဂါနဲ့ တိုက်ရိုက် အလဲအထပ် လုပ်လိုနေကြောင်း သိရပါတယ်။ ကစားသမား နှစ်ယောက်လုံးက ဈေးကွက်ပေါက်ဈေး ပေါင် ၂၆ သန်း ဝန်းကျင် ရှိပါတယ်။

အာဆင်နယ် ကြယ်ပွင့် ကစားသမား ဝီလီယံ ဆာလီဘာ ကို လာမယ့် နွေမှာ ဘာစီလိုနာက ခေါ်ယူဖို့ လှုပ်ရှားလာဖွယ် ရှိနေပါတယ်။

အာဆင်နယ် ကင်းထောက်တွေဟာ ပြီးခဲ့တဲ့ လထဲ ဒိန်းမတ်နဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ခရိုအေးရှား ကွင်းလယ် ကစားသမား လိုဗရို မာဂျာ ကို စောင့်ကြည့်နေကြကြောင်း သိရပါတယ်။