အာဆင်နယ် က လီဗာပူးကို သေချာပေါက် နိုင်တယ် လို့ ဟောကိန်းထုတ်လိုက်ပြီး ဂိုးရလဒ်ပါ ပြောလိုက်တဲ့ ဝီလျံ ဂါးလက်စ်
ဝီလျံ ဂါးလက်စ် ကတော့ အာဆင်နယ် အသင်းဟာ ဒီအပတ်မှာ လီဗာပူး အသင်းကို မြောက်လန်ဒန်မှာ ဧည့်ခံ ကစားပြီး အလွယ်တကူ ကို အနိူင်ရမယ်လို့ ပြောကြားလိုက်ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ ပရီးမီးယားလိဂ် ၈ ပွဲမြှောက် အနိူင် ရဖို့အတွက် လီဗာပူး အသင်းနဲ့ ကန်ရမှာဖြစ်ပါတယ်။
အာဆင်နယ် အသင်းက ပြီးခဲ့တဲ့ အပတ်မှာ ခါးသီးတဲ့ ပြိုင်ဘက် စပါး အသင်းကို ၃ – ၁ နဲ့ အနိူင် ရရှိခဲ့ သလို ယူရိုပါလိဂ်မှာလည်း ၃ ဂိုးပြတ်နဲ့ အနိူင်ရရှိထားတာကြောင့် စိတ်ဓာတ် အကောင်းဆုံး အခြေအနေကို ရောက်နေတာလည်းဖြစ်ပါတယ်။
လီဗာပူး အသင်းကတော့ ဇယားထိပ်က အာဆင်နယ် အသင်းနဲ့ ၁၁ မှတ် အကွာမှာ ရှိနေပြီး ခုချိန်ထိ ၇ ပွဲမှာ ၂ ပွဲသာ အနိူင်ရထားပြီး ခြေစွမ်း မတည်မငြိမ်ဖြစ်နေတာဖြစ်ပါတယ်။

ဒီအပတ် ပွဲနဲ့ ပတ်သတ်ပြီး ဂါးလက်စ်ကတော့ ” ကျွန်တော် ခန့်မှန်းတာ ကောင်းမွန်လာပါပြီ။ ကျွန်တော့် အနေနဲ့ ဒီပွဲမှာ အာဆင်နယ် အနိူင်ရမှာ သေခြာပါတယ်။ ၂ ဖက် အသင်း အပြန်အလှန် ကစားမှာဖြစ်လို့ အာဆင်နယ် အသင်း ၃-၁ နဲ့ အနိူင် ရရှိမှာပါ။ လီဗာပူး ခြေမငြိမ်တာကို အာဆင်နယ် အခွင့်အရေး အပြည့်အ၀ ယူလိမ့်မယ်။
အာဆင်နယ် အနေနဲ့ လီဗာပူးကို အီမရိတ်မှာ မနိူင်ရင် တစ်ကယ်ကို စိတ်ပျက်ရမှာသေခြာပါတယ်။ လီဗာပူး ရဲ့ ဘရိုက်တန် နဲ့ ပွဲတုန်းက ခြေစွမ်းကို ကြည့်ရင် အာဆင်နယ် အသင်းအနေနဲ့ မဖြစ်မနေ အနိူင်ယူမှာသေခြာပါတယ်။
လီဗာပူး က ခုချိန်မှာ ရုန်းကန် နေရပါတယ်။ သူတို့ အသင်းက မနှစ်က အသင်းနဲ့ တစ်ခြားစီပါပဲ။ အာဆင်နယ် အနေနဲ့ ဒါကို အခွင့်ကောင်းယူဖို့ အကောင်းဆုံး အချိန်ပါပဲ။ ” လို့ ပြောကြားလိုက်ပါတယ်။
အာဆင်နယ်နဲ့ လီဗာပူး အသင်းတို့ဟာ မနက်ဖြန် တနင်္ဂနွေနေ့ညမှာ ဂန်းနားတို့ရဲ့ အမ်းမရိတ်ကွင်းကြီးမှာ ထိပ်တိုက် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။