စီးတီး၊ လီဗာပူးတို့ အမှတ်လျော့တာအတွက် ထူးပြီး မပျော်ပါဘူး ဆိုတဲ့ ချဲလ်ဆီးနည်းပြ တူချယ်
မနေ့ည ကပွဲမှာ ချဲလ်ဆီး အသင်း ဟာ နယူးကာဆယ် အသင်းကို စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး ဒုတိယပိုင်း က သွင်းဂိုး ၃ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ဒီတပတ်မှာ ချဲလ်ဆီးရဲ့ အမှတ်ပေးဇယား အနီးကပ် ပြိုင်ဖက် လီဗာပူးနဲ့ မန်စီးတီး အသင်းတွေ အမှတ် ကိုယ်စီ လျော့ခဲ့လို့ ၊ ပိုပြီး ချိုမြိန်ခဲ့ရပါတယ်။ ချဲလ်ဆီးနဲ့ အတူ တချိန်တည်း အတူ ကစားခဲ့ရတဲ့ လီဗာပူး ဟာ ဘရိုက်တန်ကို အိမ်ကွင်း အမ်းဖီးလ်မှာ တဖက် ၂ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး ၊ မန်စီးတီး ဟာလည်း ခရစ်စတယ် ပဲလေ့စ်ကို အိမ်ကွင်း အီတီဟတ်မှာ ၀ – ၂ ရလဒ်နဲ့ မထင်မှတ်ပဲ အရေးနိမ့်ခဲ့ပါတယ်။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က လီဗာပူးနဲ့ မန်စီးတီးတို့ အမှတ်တွေ လျော့ခဲ့တာကို ထူးပြီး ပျော်နေစရာ မလိုကြောင်း တုန့်ပြန်ခဲ့ပြီး ၊ ၎င်းတို့ အနေနဲ့ ရှေ့ဆက် အာရုံစိုက်မှု အပြည့်နဲ့ တုန့်ပြန်ပြဖို့ အရေးကြီးတဲ့ အကြောင်း ဖြေကြားခဲ့ပါတယ်။
တူချယ် က ” တခြား အသင်းတွေရဲ့ ရလဒ်တွေကြောင့် အောင်ပွဲခံရတဲ့ အခိုက်အတန့်မျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ပထမဆုံး အနေနဲ့ အခုအချိန် ဟာ ချန်ပီယံဆု အကြောင်း ဆွေးနွေးဖို့ စောလွန်းသေးတယ်လို့ ပြောပါရစေ ။ ဒုတိယ အချက် အနေနဲ့ ကျွန်တော်တို့ဟာ ဘယ်သူတွေ ဘာဖြစ်ဖြစ် ၊ ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်ဖို့ လိုပါတယ်။ ”
” ပြိုင်ဖက်တွေ ရလဒ်မကောင်းလို့ အောင်ပွဲခံနေတာမျိုး ကျွန်တော်တို့ မလုပ်ပါဘူး ။ သူတို့တွေ အမှတ်လျော့ခဲ့လို့ ၊ ကျွန်တော်တို့ လွှတ်ပျော်နေမယ်လို့ ခင်ဗျားတို့ ထင်နေရင် ၊ ဒါဟာ လုံးဝ မမှန်ပါဘူးလို့ ပြောချင်ပါတယ် ။ ဒီနေ့ပွဲ အစ တမိနစ်ကနေ ပွဲပြီးတဲ့ အထိ အသင်းလိုက် စွမ်းဆောင်ရည် အပေါ် အထူး ကျေနပ်မှု ရှိပါတယ်။ ”
” ဘောလုံး ဆုံးရှုံးနေချိန် အသင်းသားတွေရဲ့ မလျှော့တဲ့ ဇွဲလုံ့လနဲ့ ကြိုးစား ကစားပြမှု က ဒီနေ့ နိုင်ပွဲရဲ့ အဓိက သော့ချက် ဖြစ်ပါတယ် ။ ဘယ်သူတွေ ဘာဖြစ်ဖြစ် ကျွန်တော်တို့ မြောက်တက်နေဖို့ မသင့်ပါဘူး ။ အဲဒီ အစား ရှေ့လာမယ့် ပွဲတွေမှာ သတိရှိရှိနဲ့ နိုင်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ ကြိုးစားရမှာပါ။ ”
” တခြား အသင်းတွေရဲ့ ရလဒ်တွေကြောင့် ကျွန်တော်တို့ အောင်ပွဲမခံပါဘူး ။ ခင်ဗျား ဟာ ပရီးမီးယားလိဂ် မှာ ဘယ်အသင်းကိုမဆို ရှုံးနိုင်ပါတယ် ။ ဒီတော့ ကိုယ့်ကိုယ်သာ ရှေ့ဆက် အာရုံစိုက်ပြီး ၊ နောက်ပွဲတွေမှာ ဖြစ်လာမယ့် အခြေအနေတွေကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
ဒီအတွက်ကြောင့် ချဲလ်ဆီး ဟာ ဒုတိယ နေရာက လီဗာပူးကို ၃မှတ်ဖြတ် ၊ တတိယ နေရာက မန်စီးတီးကို ၅မှတ် အထိ ဖြတ်ကာ ၊ အမှတ်ပေးဇယား ကို လွတ်လွတ်ကျွတ်ကျွတ် စတင် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ZG
မေန႔ည ကပြဲမွာ ခ်ဲလ္ဆီး အသင္း ဟာ နယူးကာဆယ္ အသင္းကို စိန္႔ဂ်ိမ္းစ္ပါ့ခ္ကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ရၿပီး ဒုတိယပိုင္း က သြင္းဂိုး ၃ဂိုးနဲ႔ ဂိုးျပတ္အနိုင္ရရွိခဲ့ပါတယ္။
ဒီတပတ္မွာ ခ်ဲလ္ဆီးရဲ႕ အမွတ္ေပးဇယား အနီးကပ္ ၿပိဳင္ဖက္ လီဗာပူးနဲ႔ မန္စီးတီး အသင္းေတြ အမွတ္ ကိုယ္စီ ေလ်ာ့ခဲ့လို႔ ၊ ပိုၿပီး ခ်ိဳၿမိန္ခဲ့ရပါတယ္။ ခ်ဲလ္ဆီးနဲ႔ အတူ တခ်ိန္တည္း အတူ ကစားခဲ့ရတဲ့ လီဗာပူး ဟာ ဘ႐ိုက္တန္ကို အိမ္ကြင္း အမ္းဖီးလ္မွာ တဖက္ ၂ဂိုးစီ သေရသာ ကစားႏိုင္ခဲ့ၿပီး ၊ မန္စီးတီး ဟာလည္း ခရစ္စတယ္ ပဲေလ့စ္ကို အိမ္ကြင္း အီတီဟတ္မွာ ၀ – ၂ ရလဒ္နဲ႔ မထင္မွတ္ပဲ အေရးနိမ့္ခဲ့ပါတယ္ ။
ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာေတာ့ ခ်ဲလ္ဆီး နည္းျပ ေသာမတ္စ္ တူခ်ယ္ က လီဗာပူးနဲ႔ မန္စီးတီးတို႔ အမွတ္ေတြ ေလ်ာ့ခဲ့တာကို ထူးၿပီး ေပ်ာ္ေနစရာ မလိုေၾကာင္း တုန္႔ျပန္ခဲ့ၿပီး ၊ ၄င္းတို႔ အေနနဲ႔ ေရွ႕ဆက္ အာ႐ုံစိုက္မႈ အျပည့္နဲ႔ တုန္႔ျပန္ျပဖို႔ အေရးႀကီးတဲ့ အေၾကာင္း ေျဖၾကားခဲ့ပါတယ္ ။
တူခ်ယ္ က ” တျခား အသင္းေတြရဲ႕ ရလဒ္ေတြေၾကာင့္ ေအာင္ပြဲခံရတဲ့ အခိုက္အတန္႔မ်ိဳး ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ပါဘူး ။ ပထမဆုံး အေနနဲ႔ အခုအခ်ိန္ ဟာ ခ်န္ပီယံဆု အေၾကာင္း ေဆြးေႏြးဖို႔ ေစာလြန္းေသးတယ္လို႔ ေျပာပါရေစ ။ ဒုတိယ အခ်က္ အေနနဲ႔ ကြၽန္ေတာ္တို႔ဟာ ဘယ္သူေတြ ဘာျဖစ္ျဖစ္ ၊ ကိုယ့္ကိုယ္ကိုသာ အာ႐ုံစိုက္ဖို႔ လိုပါတယ္ ။ ”
” ၿပိဳင္ဖက္ေတြ ရလဒ္မေကာင္းလို႔ ေအာင္ပြဲခံေနတာမ်ိဳး ကြၽန္ေတာ္တို႔ မလုပ္ပါဘူး ။ သူတို႔ေတြ အမွတ္ေလ်ာ့ခဲ့လို႔ ၊ ကြၽန္ေတာ္တို႔ လႊတ္ေပ်ာ္ေနမယ္လို႔ ခင္ဗ်ားတို႔ ထင္ေနရင္ ၊ ဒါဟာ လုံးဝ မမွန္ပါဘူးလို႔ ေျပာခ်င္ပါတယ္ ။ ဒီေန႔ပြဲ အစ တမိနစ္ကေန ပြဲၿပီးတဲ့ အထိ အသင္းလိုက္ စြမ္းေဆာင္ရည္ အေပၚ အထူး ေက်နပ္မႈ ရွိပါတယ္ ။ ”
” ေဘာလုံး ဆုံးရႈံးေနခ်ိန္ အသင္းသားေတြရဲ႕ မေလွ်ာ့တဲ့ ဇြဲလုံ႔လနဲ႔ ႀကိဳးစား ကစားျပမႈ က ဒီေန႔ ႏိုင္ပြဲရဲ႕ အဓိက ေသာ့ခ်က္ ျဖစ္ပါတယ္ ။ ဘယ္သူေတြ ဘာျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ေျမာက္တက္ေနဖို႔ မသင့္ပါဘူး ။ အဲဒီ အစား ေရွ႕လာမယ့္ ပြဲေတြမွာ သတိရွိရွိနဲ႔ ႏိုင္ပြဲေတြ ေဖာ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားရမွာပါ ။ ”
” တျခား အသင္းေတြရဲ႕ ရလဒ္ေတြေၾကာင့္ ကြၽန္ေတာ္တို႔ ေအာင္ပြဲမခံပါဘူး ။ ခင္ဗ်ား ဟာ ပရီးမီးယားလိဂ္ မွာ ဘယ္အသင္းကိုမဆို ရႈံးႏိုင္ပါတယ္ ။ ဒီေတာ့ ကိုယ့္ကိုယ္သာ ေရွ႕ဆက္ အာ႐ုံစိုက္ၿပီး ၊ ေနာက္ပြဲေတြမွာ ျဖစ္လာမယ့္ အေျခအေနေတြကို ဆက္လက္ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္ ။ ” လို႔ ေျပာၾကားခဲ့ပါတယ္ ။
ဒီအတြက္ေၾကာင့္ ခ်ဲလ္ဆီး ဟာ ဒုတိယ ေနရာက လီဗာပူးကို ၃မွတ္ျဖတ္ ၊ တတိယ ေနရာက မန္စီးတီးကို ၅မွတ္ အထိ ျဖတ္ကာ ၊ အမွတ္ေပးဇယား ကို လြတ္လြတ္ကြၽတ္ကြၽတ္ စတင္ ဦးေဆာင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။