စီ ရော်နယ်ဒို ကို ခေါ်ယူဖို့ ဆွေးနွေးခဲ့ကြောင်း ဝန်ခံလာတဲ့ ဥရောပ ထိပ်သီးကလပ်အသင်းရဲ့ စီအီးအို
ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာချင် နေခဲ့ပါတယ်။ ရော်နယ်ဒိုက အိုးထရက်ဖိုဒ့်ကနေ ခွာချင်လို့အတွက် မန်ယူအသင်းရဲ့ ရာသီကြိုပွဲစဉ်တွေရော ထရိန်နင်မှာပါ ပျက်ကွက်ခဲ့ပါတယ်။
ဥရောပ ကလပ်အသင်းကြီးတွေ တော်တော်များများနဲ့ သတင်းထွက်ခဲ့ပေမယ့် အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုက ထွက်ခွာခွင့် မရခဲ့ပဲ မန်ယူမှာသာ သောင်တင်နေခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ စီအီးအို ဖြစ်သူ အိုလီဗာခန်းက သူတို့ အသင်းဟာ ရော်နယ်ဒို ကို ခေါ်ဖို့ ဆွေးနွေးခဲ့သေးကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

ခန်းကတော့ ‘ကျွန်တော်တို့ ရော်နယ်ဒို နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒေါ့မွန် လည်းဆွေးနွေးမှာပါပဲ။ ကျွန်တော်တို့က ဘွန်းဒစ်လီဂါ ပုံရိပ်ကို မြှင့်တင်ချင်နေတာပါ။ ရော်နယ်ဒိုလို စူပါစတား ကတော့ ဂျာမန်လိဂ် ကို ဆွဲဆောင်နိူင်မှာပါ။
သူက ပြီးခဲ့တဲ့ ရာစုနှစ်မှာ အကောင်းဆုံး ကစားသမားဆိုတာ ငြင်းမရပေမယ့် ကျွန်တော်တို့ သူ့ အပြောင်းအရွှေ့ အတွင်္က စကားကို ခပ်မြန်မြန်ပဲ ဖြတ်ခဲ့ပါတယ်။ ’ လို့ Bild ကိုပြောကြားလိုက်ပါတယ်။
နည်းပြ တန်ဟက်ရဲ့ ပွဲထွက်ကနေ ချန်လှပ်ခံရတာ များပေမယ့် စီ ရော်နယ်ဒို က သူ့ ကလပ် ဂိုး ၇၀၀ ရဖို့အတွက် ပြီးခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်ဖြစ်တဲ့ အိုမိုနီယာ နဲ့ပွဲမှာ အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ပေမယ့်လည်း ဂိုးပေါက် လွဲချာ်ခဲ့ပါတယ်။
ရော်နယ်ဒို အနေနဲ့ ခုလို ခြေစွမ်းသာ ပျောက်ဆုံးနေခဲ့မယ်ဆိုရင် အရံခုံ ကနေ ထိုင်နေရဦးမှာဖြစ်သလို လာမယ့် ကမ္ဘာ့ ဖလား မှာလည်း သူ့အခြေအနေ က စိုးရိမ်စရာ ဖြစ်လာမှာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ လာမယ့်နွေမှာ ထပ်မံ လှုပ်ရှားလာဦးမလား စောင့်ကြည့်ရဦးမှာ ဖြစ်သလို ဒီတလောမှာလည်း ဂါလာတာစာရေး က ရော်နယ်ဒို ကို ခေါ်ယူချင်တယ်လို့ သတင်း ထွက်လာပါတယ်။ ဂါလာတာ စာရေးကတော့ နာမည်ကြီး ကစားသမားတွေကို ခေါ်ယူပြီး အသင်းပုံရိပ်ကို မြှင့်တင်ဖို့အတွက် ငွေကြေး အသုံးပြုဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ဆိုပါတယ်။