Comeback King တကယ်ဖြစ်လာတဲ့ မန်ယူ၊ ကလော့ပ်ရဲ့ ၇ ရာသီမြောက် ကျိန်စာ၊ ဘရိုဂျာရဲ့ စံပြနဲ့ ယနေ့ နံနက်ခင်း ဘောလုံးသတင်းများ
အာဆင်နယ် အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့်လဲ အဆုံးသတ်မှာ မန်စီးတီးကသာ ဖလားရသွားလိမ့်မယ်လို့ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးက ခန့်မှန်းပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန်နဲ့ပွဲပြီးနောက် အရင်ဆုံး ဂိုးပေးရပြီးမှ ပြန်လာနိုင်ခဲ့တဲ့ပွဲပေါင်း ၁၀၀ ပြည့်မြောက် ခဲ့တဲ ပထမဆုံးကလပ် ဖြစ်ခဲ့ပြီး Comeback King တွေ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ချဲလ်ဆီး တိုက်စစ်မှုး ဘရိုဂျာက ဘရာဇီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ သူ့အနှစ်သက်ဆုံး ကစားသမား ဖြစ်ကြောင်း ဝုဗ်နဲ့ ပွဲအပြီး အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာမှ အငှားကစားသမား အန်တိုနီ ဂရစ်ဇ်မန်းကို ယူရို သန်း၂၀ + အပိုဆုကြေး ၄သန်းနဲ့ အပြီးသတ် ဝယ်ယ က်ပြီ ဖြစ်ကြောင်း အက်သလက်တီကို မက်ဒရစ်က အတည်ပြုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ကလပ်ကစားသမားဘဝ ဂိုး ၇၀၀ ပြည့်ခဲ့တဲ့နောက် အန်တိုနီက ချီးကျူးဂုဏ်ပြုပေးခဲ့ပြီး “ဘယ်လောက် တောင် ဂုဏ်ယူစရာလဲ။ ခရစ္စတီယာနို။ အောင်မြင်မှုတွေအပြည့်နဲ့ ကစားသမားဘဝမှာ နောက်ထပ် မှတ်တိုင်တစ်ခုပေါ့။ ကျွန်တော်တို့ ဒါကို အတူတူ ပျော်ရွှင်ခံစားပါရစေ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အာဆင်နယ် တိက်စစ်သမား မာတီနယ်လီဟာ လီဗာပူးကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တောက်ပခဲ့ပြီးနောက် အာဆင်နယ်နဲ့ ကာလရှည် စာချုပ်သစ်ချုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ အသိပေးခဲ့ပါတယ်။
ဒီရာသီမှာ လီဗာပူးဟာ ကလော့ပ် လက်ထက် အဆိုးရွားဆုံး ရာသီအစကို ကြုံနေရတဲ့နောက် မိန့်ဇ်၊ ဒေါ့မွန်နဲ့ တုန်းကလိုမျိုး ကလော့ပ်ရဲ့ ၇ရာသီမြောက် ကျိန်စာကို ထောက်ပြလာကြပေမယ့် ဂရေမီဆောင်းနက်စ်က လက်မခံပဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။