များလာတဲ့ ဒဏ်ရာ သတင်းများ၊ အန်ကွန်ကူ ကို ချိန်လာတဲ့ လီဗာပူး၊ ဆက်နေချင်တဲ့ ဒီဂီယာနဲ့ ယနေ နံနက်ခင်း သတင်းများ

တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ ကွန်တီကတော့ အဲဗာတန် အသင်းကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ကြိုးစားကစားခဲ့ကြတဲ့ အသင်းသားတွေကို ပွဲအပြီး ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ထိုပွဲမှာ စပါးတိုက်စစ်သမား ရစ်ချာလီဆန် ဒဏ်ရာ ရခဲ့ပြီး နောက်အပတ် မန်ယူနဲ့ ပွဲ လွဲရဖွယ် ရှိပါတယ်။

လီဗာပူးလ်အသင်းနောက်ခံလူ ကိုနာတေး ဟာ ကြွက်သား ဒဏ်ရာ ရှိနေတာကြောင့် ယနေ့ည ကစားမယ့် မန်စီးတီးနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ သေချာခြင်း မရှိသေးကြောင်း သိရပါတယ်။

မန်ယူအသင်းနဲ့ ပွဲ ၅၀၀ ပြည့်မြောက်ခဲ့တဲ့ ဒီဂီယာကတော့ ၎င်းရဲ့ လက်ရှိ စာချုပ်သက်တမ်းထက် ကျော်လွန်ပြီး အသင်းမှာ ဆက်ကစားပေးချင်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနောက်ခံလူ အာရူဂျိုတစ်ယောက် ခွဲစိတ်မှု ခံယူခဲ့ပြီးနောက် လက်ရှိ အချိန်မှာတော့ နလန်ထ လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီးအသင်းနောက်ခံလူ ရိစ် ဂျိမ်းစ်တစ်ယောက် ဒဏ်ရာကြောင့် ၈ ပတ်ခန့် အနားယူရနိုင်ခြေ ရှိနေတာကြောင့် ကမ္ဘာ့ဖလားကို လွဲချော်ရနိုင်ခြေ ရှိကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီးအသင်း အကြို သဘောတူညီမှု ရယူထားဖို့ ကြိုးစားနေတဲ့ လိုက်ပ်ဇစ် တိုက်စစ်သမား အန်ကွန်ကူ ကို လီဗာပူးကလည်း စိတ်ဝင်စားလာပြီး ကင်းထောက်တွေ စေလွှတ် စောင့်ကြည့်နေပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ အသင်းရဲ့ ရလဒ်တွေကြောင့် ပရိသတ်တွေ စိတ်ပျက်နေမှုကို အပြည့်အ၀ နားလည်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီကတော့ တိုရီနို အသင်းကို အဝေးကွင်းမှာ ဝ-၁ နဲ့ အနိုင်ရပြီးနောက် အသင်းသားတွေကို ခွင့်ရက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။