ရာသီကုန်ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဘယ်လိုဖြစ်မလဲ၊ ဘယ်လိုဇာတ်သိမ်းမလဲ စူပါကွန်ပျူတာ ဟောကိန်းထုတ်

မန်စီးတီးကို အာဆင်နယ်က ၄ မှတ်ဖြတ်လိုက်ပြီးနောက် ပရီးမီးယားလိဂ်ရာသီ ဘယ်လို အဆုံးသတ်လာမယ်ဆိုတာ စူပါကွန်ပျူတာ က ဟောကိန်းထုတ်လာပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းက ပရီးမီးယားလိဂ် ပွဲတွေမှာ လီဗာပူးက မန်စီးတီးကို အနိုင်ရရှိသွားပြီးနောက် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရမှတ် ၄မှတ်ဖြတ်ပြီး ဦးဆောင်လာပါတယ်။

နည်းပြ မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၁၀ပွဲကစားထားရာမှာ ၉ပွဲ အနိုင်ရရှိထားပြီး ရမှတ်၃၀မှ၂၇မှတ်အထိ ရယူထားနိုင်ပါတယ်။

ဒါပေမဲ့ စူပါကွန်ပျူတာကတော့ အာဆင်နယ်ကို ပရီးမီးယားလိဂ် ရာသီသိမ်းချိန်တွင် ဒုတိယ နေရာသာ ရရှိလာမယ်လို့ ခန့်မှန်းသွားပြီး မန်စီးတီးကတော့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်သွားမယ်လို့ ဟောကိန်းထုတ် လာပါတယ်။

မန်စီးတီးဟာ ချန်ပီယံဖြစ်ရန် ၁/၄ အလေးပေးခံထားရပြီး အာဆင်နယ်က ၁/၆ဖြင့် ဒုတိယ အလေးအပေးခံရဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။

လီဗာပူးက အဆင့်၃နေရာမှာသာ ရပ်တည်နိုင်မှာဖြစ်ပြီး ၂၀/၁ ဖြင့်အလေးပေးခံထားရပါတယ်။စတုတ္ထ နေရာမှာ ချဲလ်ဆီးက ရပ်တည်လာမှာဖြစ်ပြီး ၈/၁၃ အလေးပေးခံထားရပါတယ်။

စူပါကွန်ပျူတာက စပါးစ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့ကို ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ကာ ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိမယ်လို့ဆိုသွားပါတယ်။

ဒါ့အပြင် စူပါကွန်ပျူတာက လက်စတာ၊ဘုန်းမောက်နှင့် နော်တင်ဟမ်ဖောရက်စ်တို့ကို ပရီးမီးယားလိဂ်မှ တန်းဆင်းရမယ် လို့လည်း ဟောကိန်းထုတ်သွားပါတယ်။