ပွဲကြို ထရိန်နင် မပါတဲ့ ဂန်းနား ၂ဦး၊ ရီးရဲလ်က ချိန်လာတဲ့ ဆာလီဘာ၊ တိုင်လီမန်းစ် အလွတ်နဲ့ ခေါ်ဖွယ်နဲ့ ယနေ့ည အာဆင်နယ် သတင်းများ

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်က အင်္ဂလန်လက်ရွေးစင် အသင်း ညာခြမ်းမှာ နေရာရဖို့ ရှိနေတဲ့ ဆာကာ အာဆင်နယ်မှာ ဘာလုပ်နေလဲဆိုတာကို ကြည့်ကြဖို့ ရက်ဖို့ဒ်နဲ့ ဆန်ချိုအား တိုက်တွန်းလိုက်ပါတယ်။

ပီအက်ဗီ အသင်းနဲ့ ကစားမယ့် ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးမှာ အာဆင်နယ်ရဲ့ အားထားရတဲ့ တိုက်စစ်သမား မာတင်နယ်လီနဲ့ ခံစစ်သမား ဇင်ချန်ကို တို့ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

နည်းပြ အာတီတာက ထို ကစားသမား နှစ်ဦးလုံး နောက်ဆုံးအခြေအနေကို စောင့်ကြည့်ပြီး ပွဲ ပါဝင် ကစားနိုင်ခြေ ရှိသေးတယ်လို့ အသိပေးခဲ့ပါတယ်။ မာတင်နယ်လီက အနည်းငယ် နေမကောင်းပုံရပြီး ဇင်ချန်ကိုကတော့ ခြေသလုံး ကြွက်သား ဒဏ်ရာ နောက်ဆက်တွဲ ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ဆာလီဘာ ကို ပစ်မှတ်ထားလာဖွယ်ရှိကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။ ဒီရာသီမှာ ဂန်းနားတို့နဲ့အတူ အမြင့်ဆုံးတောက်ပနေတဲ့ ဗဟိုနောက်ခံလူဟာ ရာသီအကုန်မှာ အနာဂတ် ကိစ္စ ဆုံးဖြတ်မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ တောက်ပမှု က အားရစရာ ဖြစ်ပေမယ့် အရန် အင်အားက စိတ်ပူစရာ အနေအထားမှာ ရှိနေသေးကြောင်း ပြင်သစ်နဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း အီဗရာက Amazon Prime Sport ရဲ့ အစီအစဉ်ကနေ သုံးသပ်သွားခဲ့ပါတယ်။

ဂန်းနားတို့ဟာ လက်စတာ ကွင်းလယ်သမား တိုင်လီမန်းစ်ကို ရာသီကုန်မှာ ကြိုးပမ်းနိုင်သေးတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။ ဘယ်လ်ဂျီယံသားအနေနဲ့ လက်စတာအသင်းနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိနေပါတယ်။

အာဆင်နယ် အသင်းအတွက်လှပတဲ့ အနာဂတ်တွေ စောင့်မျှော်နေပြီဖြစ်တယ်လို့ အသင်း ဒါရိုက်တာ ဂျို့ရှ်ခရွန်ကီက ထုတ်ဖော်ပြောဆိုလာပါတယ်။