စပိန်ကလပ်တွေ အလိုရှိနေတဲ့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်၊ ဖျားနေတဲ့ မောင့် နဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးကွင်းလယ်သမား မေဆန်မောင့်ဟာ နယူးကာဆယ်နဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့တာက အဖျားကြောင့် ဖြစ်ပြီး ပွဲနေ့ မနက်မှ နေမကောင်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းစွာပဲ ကိုဗစ် ကူးစက်ခံရတာတော့ မဟုတ်ဘူးလို့ သိရပါတယ်။
ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ကွင်းလယ်လူ ကိုဗာဆစ် ဟာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကိုဗာဆစ်အနေနဲ့ အဆိုပါဒဏ်ရာကြောင့် သီတင်းပတ် အနည်းငယ်ခန့် အနားယူရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ကွင်းလယ်သမား ဂျော်ဂျင်ဟို က နယူးကာဆယ်နဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းယူပြီးနောက် မှတ်တမ်းကောင်း တစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ဒါကတော့ ဂျော်ဂျင်ဟိုဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီကနေ ၁၀ဂိုးဆက် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

ပဲလေ့စ်မှာ အငှား သွားကစားနေတဲ့ ချဲလ်ဆီး လူငယ်လေး ဂလဲဟားဟာ စနေနေ့ည ကပွဲမှာ မန်စီးတီးဘက် ဒုတိယ အနိုင်ဂိုး သွင်းယူခဲ့ပြီး ပဲလေ့စ် နိုင်ပွဲ အတွက် ကူညီနိုင်ခဲ့ပါတယ်။
ရီးရဲမက်ဒရစ်အနေနဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို သူတို့ရဲ့ အဓိက ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်း ထားပါတယ်။ ရီးရဲအနေနဲ့ နောက်တန်းကိုပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အလွတ်နဲ့ခေါ်ယူနိုင်မဲ့ ရူဒီဂါကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ် က ဒီရာသီ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ဂိုး ပါဝင်ပတ်သက်မှု အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ရီစီဂျိမ်းစ်အနေနဲ့ ဒီရာသီမှာအသင်းအတွက် ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ထားပါတယ်။
လာလီဂါထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ဟာ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို ခေါ်ယူလိုလျက် ရှိနေကြောင်း သတင်းထွက်လာပါတယ်။ ခရစ္စတန်ဆန် က နည်းပြတူချယ်ရဲ့ လက်အောက်မှာ ပုံမှန်ကစားခွင့်ရပြီး ခြေစွမ်းပြနေပါတယ်။
ကာရာဘောင်းဖလား ကွာတားဖိုင်နယ် အဆင့် မဲခွဲမှုများ ထွက်ပေါ်ခဲ့ပြီ ဖြစ်ရာ ချဲလ်ဆီးအသင်း က ဒီဇင်ဘာ ၂၀ ရက်နေ့မြှ ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ZG
ခ်ဲလ္ဆီးကြင္းလယ္သမား ေမဆန္ေမာင့္ဟာ နယူးကာဆယ္နဲ႕ ပြဲမွာ မပါ၀င္နိုင္ခဲ့တာက အဖ်ားေၾကာင့္ ျဖစ္ျပီး ပြဲေန႔ မနက္မွ ေနမေကာင္း ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ကံေကာင္းစြာပဲ ကိုဗစ္ ကူးစက္ခံရတာေတာ့ မဟုတ္ဘူးလို႔ သိရပါတယ္။
ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးနညး္ျပ တူခ်ယ္ကေတာ့ ကြင္းလယ္လူ ကိုဗာဆစ္ ဟာ တံေကာက္ေၾကာ ဒဏ္ရာ ရရွိခဲ့ေၾကာင္း၊ ကိုဗာဆစ္အေနနဲ႔ အဆုိပါဒဏ္ရာေၾကာင့္ သီတင္းပတ္ အနည္းငယ္ခန္႔ အနားယူရမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ကြင္းလယ္သမား ေဂ်ာ္ဂ်င္ဟုိ က နယူးကာဆယ္နဲ႔ပြဲမွာ ပင္နယ္တီကေန ဂိုးသြင္းယူၿပီးေနာက္ မွတ္တမ္းေကာင္း တစ္ခု ပိုင္ဆိုင္ခဲ့ပါတယ္။ဒါကေတာ့ ေဂ်ာ္ဂ်င္ဟုိဟာ ပရီးမီးယားလိဂ္မွာ ပင္နယ္တီကေန ၁၀ဂိုးဆက္ သြင္းယူႏုိင္တဲ့ ပထမဆံုး ကစားသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့တာပါ။
ပဲေလ့စ္မွာ အငွား သြားကစားေနတဲ့ ခ်ဲလ္ဆီး လူငယ္ေလး ဂလဲဟားဟာ စေနေန႔ည ကပြဲမွာ မန္စီးတီးဘက္ ဒုတိယ အနိုင္ဂိုး သြင္းယူခဲ့ျပီး ပဲေလ့စ္ နုိင္ပြဲ အတြက္ ကူညီနိုင္ခဲ့ပါတယ္။
ရီးရဲမက္ဒရစ္အေနနဲ႔ ခ်ဲလ္ဆီးေနာက္ခံလူ ရူဒီဂါကို သူတုိ႔ရဲ႕ အဓိက ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္း ထားပါတယ္။ ရီးရဲအေနနဲ႔ ေနာက္တန္းကိုျပင္ဆင္မႈေတြ ျပဳလုပ္သြားမွာျဖစ္ၿပီး အလြတ္နဲ႔ေခၚယူႏုိင္မဲ့ ရူဒီဂါကို စိတ္၀င္စားေနတာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးေနာက္ခံလူ ရီစီဂ်ိမ္းစ္ က ဒီရာသီ ခ်ဲလ္ဆီးအတြက္ ၿပိဳင္ပြဲစံုမွာ ဂိုး ပါ၀င္ပတ္သက္မႈ အမ်ားဆံုး ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။ ရီစီဂ်ိမ္းစ္အေနနဲ႔ ဒီရာသီမွာအသင္းအတြက္ ၄ ဂိုးသြင္း၊ ဂိုးဖန္တီးမႈ ၃ႀကိမ္ျပဳလုပ္ထားပါတယ္။
လာလီဂါထိပ္သီးကလပ္ အက္သလက္တီကို မက္ဒရစ္ဟာ ခ်ဲလ္ဆီးေနာက္ခံလူ ခရစၥတန္ဆန္ကို ေခၚယူလိုလ်က္ ရွိေနေၾကာင္း သတင္းထြက္လာပါတယ္။ ခရစၥတန္ဆန္ က နညး္ျပတူခ်ယ္ရဲ႕ လက္ေအာက္မွာ ပံုမွန္ကစားခြင့္ရၿပီး ေျခစြမး္ျပေနပါတယ္။
ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ အဆင့္ မဲခြဲမႈမ်ား ထြက္ေပၚခဲ့ျပီ ျဖစ္ရာ ခ်ဲလ္ဆီးအသင္း က ဒီဇင္ဘာ ၂၀ ရက္ေန႔မွၾ ဘရန္႔ဖို႔ဒ္အသင္းကို အေဝးကြင္း သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။