မာရှယ် ပါ လွဲဦးမယ့် ချယ်ဆီးပွဲ၊ ဂတ်ပို အတွက် ပြိုင်ဘက်များ၊ ဒိုလေး လူစားဝင်ဖို့ ငြင်းကြောင်း တန်ဟက် အတည်ပြုခြင်းနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ PSV တိုက်စစ်သမား ကိုဒီ ဂတ်ပို ကို နောက်နှစ်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ ဒါပေမယ့် ဂတ်ပို ကို ရဖို့ ရီးရဲလ်မက်ဒရစ်၊ စပါးတို့နဲ့ ပြိုင်ဆိုင်ရမှာပါ။

မန်ယူအသင်းဟာ ဒဏ်ရာ ပြသနာတွေက ဆက်ရှိနေပြီး တိုက်စစ်မှုး မာရှယ်ဟာ လာမယ့် ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း နည်းပြ တန်ဟက်က ပွဲကြို ရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။

စပါးနဲ့ ပွဲက ဖြစ်ရပ်ကြောင့် တစ်ဦးတည်း လေ့ကျင့်ဖို့ အပြစ်ပေးခံထားရတဲ့ ရော်နယ်ဒိုဟာ ဒီနေ့ သောကြာနေ့မှာ နံနက်ခင်း အစောပိုင်းမှာ ကာရင်တန် လေ့ကျင့်ရေးကွင်း သို့ U21 ကစားသမားတွေနဲ့ အတူ ရောက်ရှိလာပါတယ်။ တန်ဟက်ရဲ့ စီနီယာ အသင်းကြီးမှ အသင်းသားတွေကိုတော့ ထရိန်နင်မှာ မတွေ့ရဘူးလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဘောလုံး ဒါရိုက်တာ ဂျွန် မက်ဒေါ့က လာမယ့် ဆောင်းဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ဖို့ ငွေ သိပ် သုံးဖွယ် မရှိကြောင်း အရိပ်အမြွက် ထုတ်ဖော် ပြောဆိုလာပါတယ်။

ချဲလ်ဆီးနဲ့ ပွဲကြို ရှင်းလင်းပွဲမှာ နည်းပြ တန်ဟက် အား ရော်နယ်ဒိုက စပါးနဲ့ပွဲမှာ လူစားဝင် မကစားဘူး ငြင်းပယ်ခဲ့တာ ဟုတ်သလား မေးခွန်းထုတ်ခံခဲ့ရပြီး ဟုတ်တယ် လို့ နယ်သာလန်သားက အတည်ပြုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်က အသင်းမှာ စီ ရော်နယ်ဒိုကို ပွဲထွက် ကစားခွင့် နေရာ မပေးနိုင်ရင် ထွက်ခွာခွင့် ပြုလိုက်ဖို့ မန်ယူနဲ့ နည်းပြ တန်ဟက် အား တိုက်တွန်းသွားခဲ့ပါတယ်။

စပါးနည်းပြ ကွန်တီက မန်ချက်စတာ ယူနိုက်တက်ဟာ အနိုင်ရဖို့ လုံးဝ ထိုက်တန်ခဲ့ကြောင်း ကြားရက်က ပွဲ အပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ရီယို ဖာဒီနန်က လက်ရှိ ယူနိုက်တက် တိုက်စစ်သမားတွေ ဖြစ်တဲ့ ဆန်ချိုနဲ့ ရက်ဖိုဒ့်ကို ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ လုပ်ပြဖို့၊ အာဆင်နယ်မှာ ဆာကာ ဘယ်လို ကစားနေသလဲ ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။