ပရဟိတ မင်းသားလေး လုပ်လို့ ရော်နယ်ဒို ကို လွမ်းနေရပြီ ဝန်ခံသွားတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဟာ စနေနေ့ညနေက ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ ယခုရာသီမှာ ၎င်းရဲ့အသင်းအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အခန်းကဏ္ဍက ရှိနေဆဲ ဆိုတာကို သက်သေပြခဲ့တာလို့ ယုံကြည်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ အဖွင့်ပွဲကစားချိန်တွေမှာ လွှမ်းမိုး ထားနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။
တန်ဟက်က စီ ရော်နယ်လ်ဒိုသာ ပါဝင်ကစားပေးခဲ့ရင် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ကွဲပြားခြားနားတဲ့ရလဒ်ဖြစ်ခဲ့မှာဖြစ်ပြီး အသင်းအတွက် အနိုင် ၃ မှတ်အားလုံးကို ရယူပေးနိုင်ခဲ့လိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကို လွမ်းဆွတ်မိခဲ့လားလို့ မေးမြန်းခဲ့ရာမှာ တန်ဟက်က
“ ဒါပေါ့ဗျာ ။ အမြဲတမ်း သူက ဂိုးတွေ သွင်းယူပေးနိုင်ပါတယ်။ သူက ကျွန်တော်တို့အတွက် တန်ဖိုးရှိပြီး သူ့ကို ကျွန်တော်တို့ လိုအပ်တယ်ဆိုတာ ရှင်းပါတယ်။ ခင်ဗျား အဲဒါကို ဒီလိုမျိုး တော်တော်လေး သိသာထင်ရှားတဲ့ အခွင့်အရေးတွေကို သူသာဆိုရင် အဆုံးသတ်နိုင်မယ်ဆိုတာ ခင်ဗျား ဒီပွဲစဉ်ထဲမှာ မြင်တွေ့ခဲ့မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုနဲ့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်နိုင်မှာလားလို့ ထပ်မံမေးမြန်းခဲ့ရာမှာ တန်ဟက်က “ကျွန်တော် ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြောသင့်သလောက် ပြောခဲ့ပြီးပြီလို့ ထင်တယ်။ ဒီပွဲစဉ်အပေါ်မှာပဲ အာရုံစိုက်ရအောင်။ ကျွန်တော့်အသင်းအတွက် ကောင်းမွန်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော့်အသင်းကို တကယ်ကို ချီးကျူးရမှာပါ။
၁၀ ရက်အတွင်း ၄ ပွဲကစားပြီးနောက်မှာ ဒီလို ကစားနိုင်တယ်ဆိုရင် ပထမပိုင်း၊ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း စုဖွဲ့ ကစားပြီး ပြန်လည်တိုက်ပွဲဝင်နိုင်ခဲ့တာက အာရုံစိုက်မှုရှိလို့ပါ။ ကျွန်တော့်အသင်းကို ကြီးမားတဲ့ချီးကျူးပြောဆိုမှု ပြုလုပ်ရမှာပါ”
“၁၀ ရက်အတွင်း ၄ ပွဲမြောက်ပွဲစဉ်နဲ့အတူ ပြန်လည်တိုက်ခိုက်နိုင်ဖို့က ခင်ဗျား စိတ်ဓာတ်နဲ့ သူတို့တွေ ရင်ဆိုင်ဖြေရှင်း နေရတဲ့ ပြဿနာကို မြင်မှာပါ။ တကယ်ကို ကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။