ဒီညပွဲ ပါမယ့် မက်ဂွဲရား၊ ဒိုလေးကို မခေါ်နိုင်ဘူး ငြင်းတဲ့ စပို့တင်း၊ ကပ်စ်မဲရိုး နာမည်ပြောင်နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီည ရှရစ်နဲ့ ယူရိုပါလိဂ် ပွဲမှာ ဒဏ်ရာ ရနေတဲ့ ခံစစ်မှုး ဗာရိန်း နေရာမှာ သရဲနီ ပရိသတ်တွေ ချစ်လွန်းကြတဲ့ ဟယ်ရီ မက်ဂွဲရား ပါဝင် ကစားဖွယ် ရှိကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ထုတ်ထားပါတယ်။
မန်ချက်စတာယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဘရာဇီး လက်ရွေးစင် အသင်းဖော် ကပ်စ်မဲရိုး ကို ‘အိမ်စောင့်ခွေး’ လို့ နာမည်ပြောင် ပေးထားကြောင်း ထုတ်ပြောသွားခဲ့ပါတယ်။
စပို့တင်း လစ္စဘွန်း နည်းပြ အမိုရင်က သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ ကြယ်ပွင့် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကို ပြန်လည် ခေါ်ယူဖို့ အစီအစဉ် မရှိသလို သူတို့အသင်းအနေနဲ့ ရော်နယ်ဒိုရဲ့ မြင့်မားတဲ့ လုပ်ခလစာ ပမာဏကို ပေးချေဖို့ မတတ်နိုင်ဘူးလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် အနေနဲ့ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို တောင်ပံ ဧရိယာတွေဘက် ထွက်ပြီး အတင်း ကစားခိုင်းမယ် ဆိုရင် အင်္ဂလန်သားက ရုန်းကန်နေရမှာပဲ လို့ ဗီလာနဲ့ ယူနိုက်တက် ကစားသမားဟောင်း ဒွိုက်ယော့ခ်က သတိပေးလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း တို့ကို အသွင်းကူးပြောင်းဆဲ၊ ပြန်လည် တည်ဆောက်ဆဲ အသင်းတွေ အဖြစ် ဘောလုံး ဝေဖန်ရေး ဆရာတွေက ကာကွယ်ဖေးမ ပြောဆိုနေကြတဲ့ အပေါ် စပါးနည်းပြ ကွန်တီက လှောင်ရယ်သွားခဲ့ပါတယ်။

နည်းပြ အဲရစ်တန်ဟက်ဂ်က သူ့အသင်းရဲ့ အဓိက နောက်ခံကစားသမား ရာဖယ်လ် ဗာရန်းဟာ ချဲလ်ဆီးနဲ့ပွဲစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်လောက်အထိ အနားယူသွားရလိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ က ဒီရာသီ အမှတ်ပေး ဖလား ဆွတ်ခူးနိုင်ရေးအတွက် ယူနိုက်တက်မှာ အချိန်ရှိသေးကြောင်း နည်းပြ အဲရစ် တန်ဟတ် အား တိုက်တွန်းလိုက်ပါတယ်။