ဒဏ်ရာ ရ တွေ များလာခြင်း၊ အာဆင်နယ်နဲ့ ပွဲ လွဲမယ့်သူများ၊ စောင့်ကြည့်ခံ ကွင်းလယ်၂ဦးနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ စုစည်းမှု

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရက်နဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ စောစောစီးစီး အဖွင့်ဂိုး ပေးခဲ့ရပေမယ့် နောက်ကနေ လိုက်ကစားကာ ၂ – ၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီး အတွက် ဂိုးတွေ ကို စတာလင်နဲ့ ဇာကရီယာ တို့က သွင်းယူပေးခဲ့တာပါ။

မနေ့ညက ပွဲရဲ့ နာကျင် အချိန်ပိုမှာ အားထားရတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ အနည်းဆုံး တလနဲ့ အထက် အနားယူရနိုင်တဲ့ တံကောက်ကြော ဒဏ်ရာမျိုး ရခဲ့ပါတယ်။ ဒီဒဏ်ရာက စိုးရိမ်စရာ အနေအထားမှာ ရှိပြီး ၊ ချေဝဲလ် တယောက် ကာတာ ကမ္ဘာ့ဖလားကို လွဲချော်ဖို့ သေချာသလောက် ဖြစ်နေပါတယ်။

ချဲလ်ဆီး ဟာ ဒီမတိုင်ခင် ကာလရှည် အနားယူနေရပြီး ၊ ဒူဘိုင်းမှာ ဆေးကုသမှု ခံယူထားရတဲ့ ဝက်စ်လေ ဖိုဖာနာနဲ့ ရိစ်ဂျိမ်းစ်တို့ ရှိနေတဲ့ အပြင် အခုအခါမှာ ဘန်ချေဝဲလ်ပါ ထပ်တိုးလာပြီ ဖြစ်ပါတယ်။

ဆက်လက်ပြီး နည်းပြ ပေါ်တာ က မနေ့ညက နောက်ဆုံး ၂ပွဲဆက် မပါနိုင်ခဲ့တဲ့ စပိန် ဂိုးသမား ကီပါဟာ ခြေထောက် ဒဏ်ရာကြောင့် အာဆင်နယ်နဲ့ ပွဲပါ ဆက်လက် လွဲချော်မယ်လို့ အတည်ပြုသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ အသင်း တည်ဆောက်နေဆဲ ကာလမှာသာ ရှိနေသေးပြီး ချန်ပီယံလိဂ်မှာ အခြေအနေ ကောင်းမွန် နေတာက အားရစရာ ဖြစ်ကြောင်းလည်း နည်းပြ ပေါ်တာက ပြောဆိုခဲ့ပါတယ်။

ရာဟင်းစတာလင် ဟာ ချဲလ်ဆီး ထံ မပြောင်းရွှေ့ ခင်မှာ နွေရာသီ တုန်းက ရီးရဲမက်ဒရစ် နဲ့ နီးစပ်မှု ရှိခဲ့တယ်လို့ သတင်းထွက်လာပါတယ် ။

မန်စီးတီး ဟာ စတာလင် ကို ခေါ်ယူဖို့ ရီးရဲ ကို ကမ်းလှမ်းခဲ့ ပေမယ့် စပိန်ချန်ပီယံ ဟာ အသင်းမှာ non-EU နေရာလွတ် မရှိတာကြောင့် မခေါ်ယူ နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဘာစီလိုနာ အသင်း ဟာ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဆာဂျီယို ဘက်စကွက် ရဲ့ နေရာကို အစားထိုးဖို့လည်း ကစားသမားတွေ စာရင်း ပြုလုပ် နေပြီး ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တီ ကို ထည့်သွင်း စောင့်ကြည့် နေတယ်လို့ ကြားသိရ ပါတယ် ။

အေစီမီလန် နဲ့ ဘာစီလိုနာ တို့ဟာ ချဲလ်ဆီး ရဲ့ အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ညို ကိုလာမယ့် နွေရာသီမှာ အပြိုင် ကမ်းလှမ်းဖို့ စောင့်ကြည့် နေကြပါတယ် ။ ဂျော်ဂျင်ညို ဟာ ရာသီ အကုန်မှာ ချဲလ်ဆီး နဲ့ စာချုပ် သက်တမ်းကုန်ဆုံးမှာပါ ။