ဘာစီလိုနာ၊ ဂျူဗီ၊ အေဂျက် စတဲ့ ချန်ပီယံလိဂ်ပြုတ် ထိပ်သီးတွေ အပါအဝင် ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ဖြစ်နိုင်ဖွယ် ပြိုင်ဘက်အသင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ယူရိုပါလိဂ် အုပ်စု အဆင့် နောက်ဆုံး ပွဲစဉ်အဖြစ် စပိန်မြေမှာ ရီးယဲ ဆိုစီဒတ် အသင်းကို သွားရောက် ရင်ဆိုင်ခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရလဒ် ရယူ သွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီရလဒ်ဟာ ယူနိုက်တက်တို့ကို အုပ်စု ဒုတိယ အဖြစ်သာ ဆက်လက် ရှိစေခဲ့တဲ့ အတွက် ပျော်ရွှင်မှု မပေးနိုင်တဲ့ နိုင်ပွဲမျိုးသာ ဖြစ်သွားခဲ့ရပါတယ် ။ ဒီပွဲမှာလဲ ယူနိုက်တက်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အရင်လို ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အများကြီး မလုပ်ပြနိုင်ခဲ့ပါဘူး ။

ဒီပွဲမှာတော့ ရီးယဲ ဆိုစီဒတ် အသင်းဖက်ကတောင် ပိုပြီး ဂိုးပေါက် ခြိမ်းခြောက်ပြနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒီဂီယာ ထပ်မံ လက်စွမ်းပြနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ နိုင်ပွဲ ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက် ပရိသတ်တွေ မျှော်လင့်ချက် ထားနေခဲ့ကြတဲ့ လူငယ်လေး ဂါနာချိုက အနိုင်ဂိုး သွင်းခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီဂိုးကိုတော့ ဂါနာချို ဟာ ပွဲချိန် 17 မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး ဒါက သူ့ရဲ့ ယူနိုက်တက် စီနီယာကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ဖြစ်သွားခဲ့ရပါတယ် ။ အထူးသဖြင့် ဒီဂိုးကို ရော်နယ်ဒို ဖန်တီးပေးခဲ့တာက လူငယ်လေး အတွက် တစ်သက်တာ အမှတ်တရတစ်ခု ဖြစ်သွားစေမှာ အသေအချာပါပဲ ။

ဘယ်လိုပဲဖြစ်ပါစေ ယူနိုက်တက်တို့ အုပ်စုဒုတိယသာ ရရှိခဲ့ကြတဲ့အတွက် နောက်တစ်ဆင့်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာလာသူတွေနဲ့ တွေ့ဆုံရပါတော့မယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် play off အဆင့်မှာ တွေ့ဆုံနိုင်ဖွယ် ပြိုင်ဘက် ၈ သင်း ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  1. Barcelona
  2. Sevilla
  3. Bayer Leverkusen
  4. Juventus
  5. Sporting Lisbon
  6. Ajax
  7. Red Bull Salzburg
  8. Shakhtar Donetsk