ဂန်းနားတွေကို စိန်ခေါ်ထားတဲ့ အူဘာမီးယန်း၊ တိုမီယာစု ဒဏ်ရာ၊ ဘောပင်ပဲ ယူခဲ့ ဆိုတဲ့ မာတင်နယ်လီနဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ် အသင်းဟာ ဒီနေ့ မနက်ပိုင်း ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဇူးရစ်ချ် အသင်းကို ဘယ်နောက်ခံလူ တီယာနေး ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင်ရကာ အုပ်စု ပထမ နေရာ ကို ရရှိ သွားခဲ့ပါတယ်။
ထိုပွဲမှာ အာဆင်နယ် နောက်ခံလူ တိုမီယာစု နာသွားခဲ့ပြီး ၎င်း ရဲ့ဒဏ်ရာဟာ ပြင်းထန်မှု ရှိသလား ဆိုတာ အတည်မပြု နိုင်သေးကြောင်း ဆိုပြီး လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ရဦးမှာ ဖြစ်ကြောင်း ပွဲအပြီးမှာ နည်းပြ အာတီတာက ပြောကြား သွားခဲ့ပါတယ်။
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီး နဲ့ အာဆင်နယ် တို့ ထိပ်တိုက်တွေ့ဆုံ နေပြီး ဂန်းနားဖြစ်ခဲ့ဖူးတဲ့ လက်ရှိ ချဲလ်ဆီး တိုက်စစ်မှူး အူဘာမီယန်း ဟာ အာဆင်နယ် နဲ့ ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီလို့ သတင်းစကား ပါးသွားခဲ့ပါတယ်။

အူဘာမီယန်း ဟာ အာဆင်နယ် ကနေ ထွက်ခွာပြီး တစ်နှစ် မပြည့်ခင် အချိန်မှာပဲ ပရီးမီးယားလိဂ် ရဲ့လန်ဒန်ကလပ် ချဲလ်ဆီး အသင်းကို ပြန်လည် ရောက်ရှိ လာခဲ့တာပါ။ ဒီတစ်ပတ်မှာတော့ အူဘာမီယန်း ဟာ အသင်းဟောင်း အာဆင်နယ် နဲ့ ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
နည်းပြ အာတီတာကလည်း ဒီအပတ် တွေ့မယ့် ချဲလ်ဆီး တိုက်စစ်မှုး အူဘာမီးယန်းနဲ့ ပတ်သတ်ပြီး ” သူက ပြိုင်ဘက်တွေ အတွက် သိပ်ကို အန္တရယ် ရှိတဲ့ တိုက်စစ်မှူး တစ်ဦးပါ၊ သူ့မှာ ပြိုင်ဘက် ဂိုးပေါက်ထဲ ဂိုးဝင်အောင် ဘယ်လို သွင်းရမလဲ သိတဲ့ အရည်အသွေး ရှိပါတယ်၊ ဘောလုံး ကစားသမား ဘဝ ကနေ အနားမယူခင်အထိ ဂိုးတွေ သွင်းနေဦးမယ့် ကစားသမားပါ ။” လို့ ပြောကြား သွားခဲ့ပါတယ်။
အာဆင်နယ် ရဲ့ ဘရာဇီးကြယ်ပွင့်လေး ဂါဘရီရယ် မာတင်နယ်လီ က အသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့ အဆင်သင့် ရှိနေပြီး အာဆင်နယ် အနေနဲ့ လက်မှတ်ထိုးမယ့် ဘောပင်သာ ယူလာဖို့ လိုအပ်ပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။

မာတင်နယ်လီ ဟာ အာဆင်နယ် မှာ တပတ် လုပ်ခ ပေါင် ၇ သောင်းသာ ရရှိသူ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက ပေါင် ၁ သိန်း အနည်းဆုံး ရဖွယ် ရှိနေပါတယ်။
မန်ချက်စတာစီးတီး၊ အာဆင်နယ်နဲ့ ဂျူဗင်တပ်တို့ ချိတ်ဆက်နေတဲ့ ဘင်ဖီကာ ဘယ်စွန်ခံစစ်သမား အဲလက်စ် ဂရီမာဒို ကို နယူးကာဆယ် အသင်းကလည်း စိတ်ဝင်စားလာပါတယ်။
အာဆင်နယ် အသင်းဟာ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဆာကာ၊ မာတင်နယ်လီနဲ့ ဆာလီဘာ တို့ကို သက်တမ်းတိုး နိုင်ဖို့ အခြေအနေ ကောင်းနေတယ်လို့ နည်းပြ အာတီတာက ယုံကြည်စွာ ဆိုလိုက်ပါတယ်။