အနိုင်ဂိုး သွင်းသွားတဲ့ မန်ယူလူငယ်လေး ကို ချီးကျူးရမယ့် အစား အတိတ်လှန်ပြီး ပြစ်တင်နေတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ကတော့ မနေ့ညက ရီးရဲလ်ဆိုစီဒက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အနိုင်ဂိုးရှင် လူငယ် ကစားသမားလေး အလက်ဟန်းဒရိုး ဂါနာချိုကို ချီးကျူး အားပေးရမယ့် အစား မလိုအပ်ဘဲ အပြစ်တင်စကား ပြောသွားခဲ့ပါတယ်။
ချယ်ဆီး ကစားသမား ခရစ်ဆက်တန်ကတော့ ဂနာချို ကို အခုလို ပြစ်တင်ဝေဖန်မှုအတွက် ဘရူနို ဖာနန်ဒက်စ်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။
ဂါနာချိုဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် တစ်ခါတရံမှသာ ပါဝင် ကစားပေးခွင့် ရရှိခဲ့သူဖြစ်ပြီး ရီးရဲလ် ဆိုစီဒက်နဲ့ပွဲအပြီးမှာ ဖာနန်ဒက်စ်က လူငယ်တောင်ပံ ကစားသမားဟာ ရာသီကြိုကာလအတွင်း ဆိုးရွားတဲ့ ခံယူချက်ကြောင့် ပထမအသင်းမှာ ပါဝင်ကစားပေးဖို့ အခွင့်အရေး မရရှိခဲ့တာဖြစ်တယ်လို့ ဖာနန်ဒက်စ်က ဆိုခဲ့တာဖြစ်ပါတယ်။

“သူက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ဆီကနေ အများကြီး မျှော်လင့်ထားတယ်ဆိုတာကို သူသိမှာပါ။ သူက အရမ်းငယ်ရွယ်သေးတယ်ဆိုတာာ သိသာပြီး သူ တကယ် အရမ်းကောင်းကောင်း လုပ်နေပါတယ်။ ရာသီ အစပိုင်းတုန်းက သူက အကောင်းဆုံးပုံစံမှာရှိမနေခဲ့ပါဘူး”
“ရာသီကြို ခရီးစဉ်တုန်းက သူက သူ့မှာ ရှိသင့်တဲ့ အကောင်းဆုံး ခံယူချက်မျိုး မရှိခဲ့ဘူး။ အဲဒါကြောင့်ပဲ သူ အခုအချိန်အထိ သူ့ရဲ့အခွင့်အရေးကို မရခဲ့တာပေါ့။ သူက အခု သူ့အခွင့်အရေးတွေ ရနေတယ်။ ဘာလို့လဲဆိုတော့ ပိုပြီးကောင်းကောင်း လေ့ကျင့်နိုင်ခဲ့လို့ပါ။ သူ့မှာ ကွာခြားတဲ့ ခံယူချက်ရှိခဲ့ပြီး သူ့ရဲ့ အခွင့်အရေးနဲ့ ထိုက်တန်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဂါနာချိုနဲ့ပတ်သက်ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ မဖုံးနိုင် မဖိနိုင် မလိုလားတဲ့ မှတ်ချက်စကားအကြောင်း မေးမြန်းခဲ့ရာမှာ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က ခုလို ပြစ်တင်လိုက်ပါတယ်။
“ သူ ဒါမျိုး လုံးဝကို ပြောဖို့ မလိုအပ်ပါဘူး။ ကျွန်တော် အဲဒီလို သူ ပြောခဲ့တာကို တကယ် အံ့အားသင့်မိခဲ့တယ်။ သူ့အနေနဲ့ မတူညီတဲ့ ဘာသာစကားကို အသုံးပြုခဲ့ရမှာပါ။
ဂါနာချိုက ဒီည အရမ်းကောင်းတဲ့ပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့တာပါ။ သူက မန်ချက်စတာယူနိုက်တက်မှာရှိခဲ့တဲ့ တကယ့်ခြိမ်းခြောက်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ဘရူနိုဆီက မှတ်ချက်စကားကို ကျွန်တော် နားမလည်နိုင်ပါဘူး။ သူက အဲဒီထက် ပိုပြီးတော့ ကောင်းပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။