အာတီတာကို အားကျတဲ့ ပေါ်တာ၊ ဂျာအိုဖိလစ်နဲ့ မန်ယူ၊ နားရတော့မယ့် ကီပါ၊ ပြစ်ဒဏ်ခံရဖွယ် ရှိတဲ့ ကလော့ပ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား ကီပါအနေနဲ့ ဘရိုက်တန်ကို ဂိုးပြတ်ရှုံးခဲ့တဲ့မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား မတိုင်ခင်ထိ အနားယူရတော့မယ်လို့ ချဲလ်ဆီးအသင်းက အတည်ပြုသွားခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားလေး ဂျာအိုဖီးလစ်ကို လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ အသင်းကနေရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ဒါဟာ ဖီးလစ်ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်အတွက်တော့ သတင်းကောင်းတစ်ခုဖြစ်ပြီး အချိန်ကိုက်သာ ကြိုးစားနိုင်မယ်ဆိုရင် ဖီးလစ်ကို အရခေါ်ယူနိုင်ခြေရှိနေတာပါ။

ပရီးမီးယားလိဂ် ဒိုင်လူကြီး အဖွဲ့ ဟာ မန်ချက်စတာ စီးတီး နဲ့ ပွဲမှာ အထုတ်ပယ် ခံခဲ့ရတဲ့ လီဗာပူး နည်းပြ ဂျာဂင် ကလော့ ကို ပွဲမပယ်ဘဲ ပေါင် ၃ သောင်းသာ ဒဏ်ငွေ ပေးဆောင်စေတဲ့ FA ရဲ့ ဆုံးဖြတ်ချက် အပေါ် အံ့အားသင့် မကျေမနပ် ဖြစ်ခဲ့ ကြပြီး ဂျာမန်နည်းပြကြီး ကို ပွဲပယ် အပြစ်ဒဏ် ချမှတ်သင့်ကြောင်း အယူခံ တင်သွင်း ခဲ့ကြတယ်လို့ သိရှိရ ပါတယ်။

ဂျရတ် ပီကေးဟာ ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီးနောက် ဘာစီလိုနာအသင်းဆီက လစာယူရိုသန်း ၃၀ ကို မယူတော့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ပဲလေ့စ် နည်းပြ ပက်ထရစ် ဗီယာရာ ကတော့ အသင်းရဲ့ အဓိက တောင်ပံ ကစားသမား ဝီလ်ဖရိုက် ဇာဟာ ကို အခုချိန်ထိ စာချုပ် သက်တမ်းမတိုး နိုင်သေးတာဟာ ကစားသမား နဲ့ရော ကလပ် အသင်းနဲ့ ပါ သက်ဆိုင် တယ်လို့ ပြောဆိုခဲ့ပြီး ဇာဟာ ကို ပဲလေ့စ် မှာ ဆက်နေဖို့ တိုက်တွန်း သွားမယ်လို့လည်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ဟာ ဒီတပတ် ကစားမယ့် ဖူလ်ဟမ် အသင်းနဲ့ ပွဲမှာ ပြန်လည် ပါဝင် လာနိုင်ချေ ရှိတယ်လို့ နည်းပြ ပက် ဂွာဒီယိုလာ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ချဲလ်ဆီး နည်းပြသစ် ဂရေဟမ် ပေါ်တာ က သူဟာ အခု အပတ်မှာ ရင်ဆိုင် ကစားရမယ့် အာဆင်နယ် အသင်းရဲ့ နည်းပြ အာတီတာ အပေါ် အာဆင်နယ် အသင်း တာဝန်ရှိသူတွေ ယုံကြည်ပေးထားမှု နဲ့ ပတ်သက်ပြီး နှစ်သက် အားကျ ခဲ့ကြောင်း ပြောဆို ချီးမွမ်းသွားခဲ့ ပါတယ်။

ချဲလ်ဆီး နောက်ခံလူ ရစ်ဆီ ဂျိမ်းစ် ကလည်း သူ့အနေနဲ့ ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာစ ပြုလာပြီ ဖြစ်တာကြောင့် အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခွင့် ရရှိဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လာလီဂါ ထိပ်သီး အက်သလက်တီကို မက်ဒရစ် ဟာ မန်စီးတီး နဲ့ စာချုပ် သက်တမ်း ကုန်တော့မယ့် ဂျာမန် ကွင်းလယ်လူ ဂွန်ဒိုဝမ် ကို အလွတ် နဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိရ ပါတယ်။