ကွန်တီကို ခေါ်ယူရေးမှာ မန်ယူနဲ့ နယူးကာဆယ်ထက် လက်ဦးမှုရသွားတော့မယ့် စပါး
ယူနိုက်တက်က စပါးကို အနိုင်ရခြင်းဟာ မန်ချက်စတာကလပ်ရဲ့ မန်နေဂျာ ဆိုးလ်ရှားအတွက် ရာထူးမှာ ဆက်ရှိနေဖို့ အချိန်တစ်ခု ရခဲ့ခြင်းပါပဲလို့ အလွန်လဟောက ပြောဆိုပါတယ်။
ဒီကနေ့မှာတော့ စပါးအသင်းဟာ နည်းပြ နူနိုဆန်တိုကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ဝုလ်ဗ်နည်းပြဟောင်း နူနိုဆန်တိုဟာ စပါးအသင်းကို (၄)လတာသာ ကိုင်တွယ်ခဲ့ရတာဖြစ်ပြီး အသင်းကို ရလဒ်တွေ ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အခုလို အသင်းနဲ့ လက်တွဲဖြုတ်လိုက်ရတာပဲ ဖြစ်ပါတယ်။
စပါးရဲ့ ပြိုင်ဘက် ယူနိုက်တက်မန်နေဂျာ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လက်စတာ စီးတီး အသင်းကို 4 – 2 ၊ လီဗာပူး အသင်းကို 5 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့တဲ့နောက် အထုတ်ခံရဖို့ နီးစပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေ အပြင် နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်တို့ကပါ သူ့ဖက်မှ ထောက်ခံပေးခဲ့ကြတဲ့အတွက် ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ တော့တင်ဟမ် ၊ အတ္တလန္တာ ၊ မန်စီးတီး တို့ ပွဲစဉ်ပြီးဆုံးမှ အဆုံးအဖြတ် ဖြစ်လာတော့မှာပါ။

” အခြေခံအားဖြင့် ဒါဟာ ဆိုးလ်ရှားအတွက် လက်ရှိဖြစ်ပျက်နေတာကို အချိန်ဆွဲလိုက်ခြင်းပါပဲ။ သူ ယူနိုက်တက် ကနေ ထွက်ခွာရမှာပါ။ ဒါပေမဲ့ ဒီနေ့လို ရလဒ် ထွက်ပေါ်ခဲ့တဲ့ အတွက် သူ့ကို ဂုဏ်ထူးမှတ် ပေးရမှာတော့ သေချာလှပါတယ် ” လို့ အဘွန်လဟောက ဆိုသွားခဲ့ပါတယ်။
စပါးဟာ နွေကတည်းက စပါးရဲ့ ဦးစားပေး မန်နေဂျာဟာ ချယ်ဆီးနဲ့ အင်တာမီလန် မန်နေဂျာဟောင်း ကွန်တီ ဖြစ်ခဲ့ပေမယ့် အဆုံးမှာ နူနိုကိုပဲ ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်။ လက်တလောမှာတော့ သူတို့ရဲ့ နည်းပြသစ်အဖြစ် ကွန်တီကို ခေါ်ယူဖို့ ကြိုးစားနေပြီး အခြေအနေ ကောင်းနေခဲ့ပြီ ဖြစ်တယ်။
နယူးကာဆယ်ကလည်း မန်နေဂျာသစ်အတွက် ဖွန်ဆီကာ၊ ကွန်တီတို့ကို ကြိုးစားနေခဲ့သေးတာပါ။ ယူနိုက်တက်က မကြာခင်မှာ မန်နေဂျာအပြောင်းအလဲ လုပ်လာနိုင်တဲ့ အခြေအနေဖြစ်လို့ စပါးဘက်က ပြိုင်ဘက်တွေကို လက်ဦးမှုယူပြီး အီတလီသား နည်းပြကြီးကို လန်ဒန်ထံ ပြန်ခေါ်ဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။