မက်ဂွဲရား ကို မန်ယူ တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ တွဲ ကစားစေခဲ့တဲ့ အကြောင်းရင်း ရှင်းပြခဲ့တဲ့ နည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က ပြီးခဲ့တဲ့ ရီးရဲလ်ဆိုစီဒက် ကို နိုင်တဲ့ ပွဲမှာ ထူးခြားဖြစ်ရပ် အနေနဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်ဖြစ်တဲ့ ဗဟိုနောက်တန်း ကစားသမား ဟယ်ရီ မက်ဂွဲရား အား လူစားထည့်ကာ ရော်နယ်ဒိုနဲ့ တွဲဖက်ပြီး တိုက်စစ်ကစားသွားခဲ့တာနဲ့ ပက်သက်လို့ ရှင်းပြလာခဲ့ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲအတွင်း ၁၆သင်း အဆင့်ကို အုပ်စုအဆင့်မှာ တိုက်ရိုက် တက်ရောက်ခွင့် ရရှိရေးအတွက် အုပ်စုတွင်း အမှတ်ပေးဇယားရဲ့ အဆင့် ၂နေရာတွင် ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းအနေဖြင့် ဆိုစီဒက်အသင်းကို အနည်းဆုံး သွင်းဂိုး ၂ဂိုး အသာနဲ့ အနိုင်ကစားဖို့ လိုခဲ့တာပါ။
ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်က တိုက်စစ်အသားပေး အနေဖြင့် အဓိကထား ကစားသွားဖို့ ပြင်ဆင်လာပြီး ဒုတိယပိုင်း ပွဲချိန်အတွင်း သွင်းဂိုး ၁ဂိုး လိုအပ်နေသေးတာကြောင့် အရပ်မောင်းမြင့်မားပြီး ခေါင်းယှဉ်တိုက်ရာမှာ အားသာချက်ရှိတဲ့ ဗဟိုနောက်တန်းလူ မက်ဂွဲရားကို ရော်နယ်ဒိုနဲ့ တွဲဖက်ကာ တိုက်စစ်နေရာမှာ ကစားစေခဲ့တာ ဖြစ်ပါတယ်။

ဝေဖန်မှုတွေအကြား ဖိအားတွေနဲ့ ကြုံတွေ့နေရတဲ့ ဗဟိုနောက်တန်းကစားသမား မက်ဂွဲရား ကို တိုက်စစ်မှာ ဝင်ရောက် ကစားစေခဲ့ပုံနဲ့ ပက်သက်လို့ နည်းပြ တန်ဟတ်က အခုလို ရှင်းပြခဲ့ပါတယ်။
“ဗာရန်း ဒဏ်ရာ ရရှိနေတာက နောက်တန်းကို ဦးဆောင်မှုပေးနိုင်တဲ့ ကစားသမား တစ်ယောက်ကို အနားပေး ထားရတာ ဖြစ်လို့ ဆိုးရွားပေမဲ့ ကျွန်တော်တို့မှာ ဒေါင်ဒေါင်မြည် အားကိုးလိုရနိုင်မယ့် ဗဟိုနောက်ခံလူ ၃ဦးအထိတောင် ရှိနေသေးတာကြောင့် သိပ်ကောင်းပါတယ်”
“မက်ဂွာရ မက်ဂွဲရား တိုက်စစ်မှာ ဘာလို့ ထားကစားဖြစ်ခဲ့လဲဆိုတာကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ ဂိုး လိုအပ်နေတဲ့ အချိန်မှာ တိုက်စစ်မှာ အခွင့်အရေးတွေ ပိုမို ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဂွဲရား တို့လို ခေါင်းတိုက် ပိတ်သွင်းယူပုံကောင်းမွန်တဲ့ ကစားသမား နှစ်ဦးကို တိုက်စစ်မှာတွဲထားပြီး ကစားစေတာက ဂိုးရဖို့ ပိုမိုနီးစပ်လာ စေနိုင်တာကြောင့် အခုလိုကစားဖို့ရွေးချယ်ဖြစ်တာပါ”လို့ ရှင်းပြ ပြောဆိုသွားခဲ့ပါတယ်။