ရှုံးပွဲ မရှိ မှတ်တမ်းရပ်သွားခြင်း၊ ဒိုလေး အသင်းပြောင်းဖို့ တိုက်တွန်းတဲ့ ဖောင်လာ၊ ထွက်ရတော့မယ့် ဘစ်ဆာကာနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ နည်းပြသစ် အူနိုင်း အမ်မရီနဲ့ စတင်လက်တွဲတဲ့ အက်စတွန် ဗီလာ ကို အဝေးကွင်းမှာ ၃-၁ ရလဒ် နဲ့ အရေးနိမ့်သွားခဲ့ ရပါတယ်။

ဗီလာပါ့ခါ ကို အရောက် အူနိုင်း အမ်မရီ နဲ့ အတွေ့မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပြိုင်ပွဲစုံ ၉ ပွဲဆက်တိုက် ရှုံးပွဲ မရှိမှု ရပ်တန့် သွားခဲ့ရပါပြီ ဖြစ်ပါတယ်။

အိမ်ရှင် အသင်းဟာ အဖွင့် မိနစ် ၂၀ အတွင်းမှာတင် ၂ ဂိုးသွင်းကာ ပွဲကို ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။ လုခ်ရှောက ပထမပိုင်း ပြီးခါနီးမှာ တဂိုး ပြန်ချေပ ခဲ့ပေမယ့် ဒုတိယပိုင်း ပြန်အစ မှာ နောက်တဂိုး ထပ်ပေး လိုက်ရပြီး အရှုံး ရလဒ်ကနေ ပြန်မလာ နိုင်တော့ပါဘူး။

ဒီရှုံးပွဲကြောင့် ယူနိုက်တက် တို့ အဆင့် ၅ နေရာမှာပဲ ဆက်ရှိ နေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ နီးကပ်မယ့် အခွင့်အရေး ကို လက်လွှတ် ဆုံးရှုံး သွားခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အထနှေးနေတာကြောင့် ဒီလိုပွဲဟာ ရှုံးသွားနိုင်တယ်လို့ ပထမပိုင်း ပွဲချိန် မိနစ် ၂ဝ လောက်တည်းက သိခဲ့တယ်လို့ နောက်ခံလူ လုခ်ရှောက ပွဲ အပြီးမှာ ထုတ်ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ ညာနောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာ ကို အသင်းဟောင်း ခရစ္စတယ် ပဲလေ့စ် ထံ ပြန်လည် လက်လွှတ် သွားဖို့ စိတ်ကူး ထားပြီး ဖြစ်ကာ ညာနောက်ခံလူသစ် တယောက် ခေါ်ယူ အားဖြည့်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ပဲလေ့စ် ဘက်ကလည်း ဘစ်ဆာကာ ကို အပြီး မဝယ်နိုင်တာကြောင့် အငှား နဲ့သာ ခေါ်ယူဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ်။

လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ရော်ဘီ ဖောင်လာ က ယူနိုက်တက် တိုက်စစ်မှူး အနေနဲ့ ကစားသမားဘဝ နေဝင်ချိန် မရောက်ခင် အခုထက် ပိုပြီး ပွဲထွက် ကစားခွင့်တွေ ရရှိနိုင်မယ့် အသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း အကြံပေး သွားခဲ့လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှုါ် ဟယ်ရီ မက်ဂွဲရားက အသင်းမှာ ယုံကြည်မှုတွေ မြင့်တက်လာခြင်းက ပရိသတ်တွေကို မိမိတို့ရဲ့ အနောက်မှာ ဆက်လက် ရပ်တည်ပေးဖို့ အကြောင်းဖြစ်စေခဲ့တယ်လို့ ထုတ်ပြော သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ တက်သစ်စကြယ်ပွင့် ဂနာချိုဟာ ရာသီကြိုတုန်းက နည်းပြတန်ဟက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ ပွဲကစားခွင့်ကနေ ချန်လှပ်ခံထားခဲ့ရတာ ဖြစ်တယ် လို့ သိရပါတယ်။