ကမ္ဘာ့ဖလားနဲ့ ဂန်းနားတို့ အားသာချက်၊ တိုင်လီမန်းစ် တောင်းဆိုခြင်း၊ အာတီတာကို အရေးယူဖို့ ဆိုလာသူနဲ့ ယနေ့ အာဆင်နယ် သတင်းများ
လာမယ့် ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ကစားသမား စေလွှတ်ရမှု နည်းပါးခြင်းဟာ အာဆင်နယ် ရဲ့ အဓိက အားသာချက် တစ်ခု ဖြစ်တယ်လို့ ပြင်သစ် နောက်ခံလူဟောင်း ဝီလီယံ ဂါးလက်စ် က သုံးသပ် ပြောကြား လိုက်ပါတယ်။
စပါးနည်းပြဟောင်း တင်ရှားဝုဒ်ကတော့ အာဆင်နယ်အသင်းဟာ သိပ်ကောင်းနေပေမယ့် ချန်ပီယံ လုဘက်က မန်စီးတီး ဖြစ်နေပြီး စီးတီးမှာ ဟာလန်း ရှိနေတာကြောင့် ပရီးမီးယားလိဂ်ဖလား မရနိုင်ဘူး လို့ သုံးသပ်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ဒီတစ်ပတ် လန်ဒန်ဒါဘီမှာ အာဆင်နယ် အသင်း အနိုင်ရခဲ့တာဟာ ချဲလ်ဆီး အသင်း ရဲ့ ဒုတိယအသင်းကိုသာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

မီခေးလ် အာတီတာကတော့ အာဆင်နယ်အတွက် လက်စတာ ကွင်းလယ်သမား တိုင်လီမန်းစ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
အာဆင်နယ် ကတော့ ဗစ်တိုးရီးယား ဂွီမာရက်စ် အသင်းမှာ ကစားနေတဲ့ ကွင်းလယ် ခံစစ်သမားလေး အီဘရာဟီမာ ဘမ်ဘာ ကို စောင့်ကြည့် နေတယ်လို့ သိရှိရ ပါတယ် ။ အသက် ၂၀ သာ ရှိသေးတဲ့ လူငယ်လေး ကို ကလပ် အများအပြားက စိတ်ဝင်စား နေကြပြီး ဈေးကွက်ထဲမှာ ပေါင် ၂၆ သန်း တန်ကြေး ရှိနေသူ ဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်နည်းပြ အာတီတာရဲ့ ကွင်းတလျောက် ပြေးလွှားအော်ဟစ်ပြီး သူ့အသင်းကို စီမံနေတဲ့ ပုံစံကို လိဂ်တာဝန်ရှိသူတွေကို ဒီလိုပဲ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတော့မှာလားလို့ စကိုင်းစပေါ့ အစီအစဉ် တင်ဆက်သူဟောင်းနဲ့ လက်ရှိ Bein Sports မှာလုပ်နေတဲ့ အစီအစဉ်မှူးက ထောက်ပြလာခဲ့တယ်။