ငွေမရှိပေမယ့် မန်ယူ အပယ်ခံကြယ်ပွင့်ကို ဇန်နဝါရီမှာ ရအောင်ခေါ်ဖို့ ကြံနေတဲ့ ဘာစီလိုနာ

လာလီဂါ ထိပ်သီး ဘာစီလိုနာအသင်းဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ဇန်နဝါရီလမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဗန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီက အေဂျက်စ်ကနေ ပေါင် ၃၅သန်းနဲ့ ရောက်လာပြီးချိန်ကတည်းက ယူနိုက်တက်မှာ ပွဲထွက်ခွင့်ဆုံးရှုံးနေရပြီး ပွဲထွက်ခွင့်အတွက် ဖရက်ဒ်၊ ပေါ့ဂ်ဘာ၊ မက်တိုမီနေးနဲ့ မာတစ်တို့ရဲ့အနောက် ရောက်နေပါတယ်။

ဒီအတွက်ကြောင့် ဗန်ဒီဘိခ်ဟာ ပွဲထွက်ခွင့်ရဖို့ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပြီး လူစာရင်းတောင့်တင်းဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာကလည်း ဇန်နဝါရီလမှာ သူ့ကို ခေါ်ယူလိုနေပါတယ်။

စပိန်သတင်းစာ စပို့တ်ရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဘဏ္ဍာရေးပြဿနာတွေကြောင့် ကနဦးအငှားနဲ့ပဲ ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဗန်ဒီဘိခ်ဟာ အေဂျက်စ်မှာ ၁၇၅ပွဲကစား ၄၁ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃၄ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး တကယ်လို့ ဘာစီလိုနာကို ပြောင်းရွှေ့ဖြစ်ရင် နူးကမ့်မှာ အေဂျက်စ်အသင်းဖော်ဟောင်း ဖရန်ကီဒီဂျောင်နဲ့ ပြန်လည် လက်တွဲခွင့်ရမှာဖြစ်ပါတယ်။

ဒီဂျော်နဲ့ ဗန်ဒီဘိခ်တို့ ဟာ အေဂျက်စ်ကွင်းလယ်မှာ အတွဲညီခဲ့ကြပြီး ၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ အေဂျက်စ်အသင်း တက်ရောက်နိုင်ခဲ့ရာမှာ ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။

ZG

လာလီဂါ ထိပ္သီး ဘာစီလိုနာအသင္းဟာ မန္ခ်က္စတာ ယူႏိုက္တက္မွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ဇန္နဝါရီလမွာ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ဗန္ဒီဘိခ္ဟာ ၂၀၂၀ ေႏြရာသီက ေအဂ်က္စ္ကေန ေပါင္ ၃၅သန္းနဲ႔ ေရာက္လာၿပီးခ်ိန္ကတည္းက ယူႏိုက္တက္မွာ ပြဲထြက္ခြင့္ဆုံးရႈံးေနရၿပီး ပြဲထြက္ခြင့္အတြက္ ဖရက္ဒ္၊ ေပါ့ဂ္ဘာ၊ မက္တိုမီေနးနဲ႔ မာတစ္တို႔ရဲ႕အေနာက္ ေရာက္ေနပါတယ္။

ဒီအတြက္ေၾကာင့္ ဗန္ဒီဘိခ္ဟာ ပြဲထြက္ခြင့္ရဖို႔ အသင္းေျပာင္းေ႐ႊ႕ဖြယ္ရွိေနၿပီး လူစာရင္းေတာင့္တင္းဖို႔ ႀကိဳးစားေနတဲ့ ဘာစီလိုနာကလည္း ဇန္နဝါရီလမွာ သူ႔ကို ေခၚယူလိုေနပါတယ္။

စပိန္သတင္းစာ စပို႔တ္ရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာဟာ ဗန္ဒီဘိခ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ ဘ႑ာေရးျပႆနာေတြေၾကာင့္ ကနဦးအငွားနဲ႔ပဲ ေခၚယူဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

ဗန္ဒီဘိခ္ဟာ ေအဂ်က္စ္မွာ ၁၇၅ပြဲကစား ၄၁ ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၃၄ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး တကယ္လို႔ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ျဖစ္ရင္ ႏူးကမ့္မွာ ေအဂ်က္စ္အသင္းေဖာ္ေဟာင္း ဖရန္ကီဒီေဂ်ာင္နဲ႔ ျပန္လည္ လက္တြဲခြင့္ရမွာျဖစ္ပါတယ္။

ဒီေဂ်ာ္နဲ႕ ဗန္ဒီဘိခ္တို႔ ဟာ ေအဂ်က္စ္ကြင္းလယ္မွာ အတြဲညီခဲ့ၾကၿပီး ၂၀၁၉ ခုႏွစ္က ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အထိ ေအဂ်က္စ္အသင္း တက္ေရာက္ႏိုင္ခဲ့ရာမွာ ေျခစြမ္းျပႏိုင္ခဲ့ၾကပါတယ္။