ဖေဖော်ဝါရီမှာ မြင်ရမယ့် အသင်းသစ်၊ လမ်းပျောက်နေတဲ့ စတာလင်၊ ဒီည မြင်ရမယ့် တိုက်စစ်မှုးသစ်နဲ့ ယနေ့ ချယ်ဆီး သတင်းတိုများ

ချယ်ဆီး ဒါရိုက်တန် ဒေးဗစ်ဘန်းနတ် က ဖေဖော်ဝါရီမှာ မြင်ရမယ့် ချယ်ဆီးအသင်းဟာ လက်ရှိအသင်းနဲ့ လုံးဝ ခြားနားနေလိမ့်မယ် လို့ ပြောဆိုလိုက်တာကြောင့် ဆောင်းရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ခေါ်ယူမှုတွေ တွေ့ရဖို့ ရှိနေပါတယ်။

ချယ်ဆီး အသင်းဟာ ဒဏ်ရာ ရနေတဲ့ ရိစ်ဂျိမ်းစ် နေရာ အစားထိုးဖို့ အရန် အဖြစ် ဝုဗ်ကြယ်ပွင့် ဆီမီဒို ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် မဲခွဲမှုမှာ ချယ်ဆီးအသင်းက ဒေါ့မွန် အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ချယ်ဆီး ပရိသတ်တွေက ဒီ မဲခွဲရလဒ်ကို ပရိသတ်တချို့က အကောင်းမြင်၊ မျှတမယ့် ပွဲလို့ မြင်ပေမယ့် အများစုကတော့ ဒေါ့မွန်ရဲ့ တိုက်စစ်ကို စိုးရိမ်နေကြပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဂရေမီ ဆောင်းနက် က တော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ချယ်ဆီး၊ စပါးနဲ့ မန်စီးတီး တို့ တက်ရောက်သွားလိမ့်မယ် လို့ သုံးသပ်သွားခဲ့ပါတယ်။

ချယ်ဆီး လူငယ်တိုက်စစ်သမားလေး ဟက်ချင်ဆန် ဟာ ဘရိုက်တန်နဲ့ ပွဲ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဝင် ကစားခွင့် မရခဲ့ပါဘူး။ စပါးနဲ့ ပွဲမှာလည်း မပါဝင်ခဲ့တာကြောင့် မနက်ဖြန် မန်စီးတီးနဲ့ လိဂ်ပွဲမှာ ဟက်ချင်ဆန် ပါဝင်လာနိုင်တယ် လို့ သတင်းထွက်နေပါတယ်။

ရာဟင်း စတာလင်ဟာ ကစားသမားကောင်း ဖြစ်ပေမယ့် ချယ်ဆီးမှာ လမ်းပျောက်နေပုံ ရပြီး အင်္ဂလန်သားရဲ့ အကောင်းဆုံး အရည်အချင်းတွေကို ဆွဲထုတ်နိုင်ဖို့က နည်းပြ ပေါ်တာ အပေါ်မှာ မူတည်ကြောင်း မီကာရစ်ချက်က သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပွဲမှာ ချယ်ဆီးအသင်းသားတွေက အစွမ်းကုန် အားထုတ် ကစားခဲ့ကြတာပါ လို့ နည်းပြ ပေါ်တာက မှတ်ချက်ပြုခဲ့ပြီး ထိုစကား အပေါ် ချယ်ဆီးပရိသတ်တွေက သဘောမကျ ဖြစ်နေကြပါတယ်။

စပါး အသင်းဟာ လာမယ့် ဇန်နဝါရီမှာ အဲဗာတန် ကြယ်ပွင့်လေး အန်တိုနိ ဂေါ်ဒွန် ကို ခေါ်ယူဖို့ ကြိုးစား သွားမယ်လို့ သတင်း ထွက်လာခဲ့ ပါတယ်။ ဂေါ်ဒွန် ကို ပြီးခဲ့တဲ့ နွေတုန်းက ချဲလ်ဆီး အသင်းက ကြိုးစားခဲ့ ဖူးပေမယ့် အဲဗာတန် နည်းပြ လမ်းပတ် က ရောင်းထုတ်ဖို့ ငြင်းဆိုခဲ့ဖူး ပါတယ်။