ဘာစီလိုနာနဲ့ ပွဲ မေ့ထားဦး ဆိုတဲ့ ကာဆီမီရို၊ ဒိုလေးကို အပြစ်တင်လိုက်တဲ့ နဗီးလ်နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ သူ့ရဲ့ ၂၆ ယောက် စာရင်းကို ဒီကနေ့ ရွေးချယ်မှာ ဖြစ်ပြီး ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့်၊ မန်စီးတီး နောက်ခံလူ ကိုင်လ်ဝေါ်ကာ တို့ ပါဝင်လာဖွယ် ရှိပြီး လက်စတာ ကွင်းလယ်လူ မက်ဒီဆင် နဲ့ အေစီမီလန် နောက်ခံလူ တိုမိုရီ တို့ ကျန်ရစ်ခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမားဖြစ်သူ ကာဆီမီရို က ဖေဖော်ဝါရီလမှာ ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ယူရိုပါလိဂ် play off ပွဲစဉ် ၂ ပွဲ အကြောင်းကို ခေါင်းထဲက ထုတ်ပြီး လာမယ့်ပွဲတွေကို အာရုံစိုက်ဖို့ အသင်းဖော်တွေအား တိုက်တွန်းသွားခဲ့ပါတယ်။

ချဲလ်ဆီး နဲ့ ပွဲမှာ ဒဏ်ရာရခဲ့ပြီး အရှင်း မပျောက်သေးတဲ့ ယူနိုက်တက် ခံစစ်မှူး ရာဖေး ဗာရန်း ဟာလည်း ပြင်သစ် အသင်းရဲ့ လူစာရင်းမှာ ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ် အသင်းတွေဟာ စပို့တင်း လစ္စဘွန်း အသင်းရဲ့ လူငယ် ကြယ်ပွင့်လေး Abdul Fatawu Issahaku ကို စောင့်ကြည့် နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ရှုံးတဲ့ ပွဲ အပြီးမှာ ထိုပွဲ အသင်းခေါင်းေ်ဆာင် တာဝန်ယူခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုက ပွဲပြီးရှင်းလင်းပွဲ မတက်ရောက်ခဲ့တဲ့ အပေါ် ဂယ်ရီ နဗီးလ်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ချဲလ်ဆီး၊ နယူးကာဆယ် တို့နဲ့ ပွဲတွေတုန်းက ဒိုင်လူကြီး ကို ဝိုင်းဝန်း စောဒက တက်မှုတွေ အတွက် ပေါင် ၈၂၀၀၀ ဒဏ်ငွေ ပေးဆောင်ဖို့ FA က သတ်မှတ်ခံခဲ့တယ်လို့လည်း သိရပါတယ်။

လီဗာပူးအသင်း ပိုင်ရှင်တွေဖြစ်တဲ့ FSG အုပ်စုဟာ ဒီရက်ပိုင်းမှာပဲ အသင်းကို အရောင်းတင်လိုက်ပြီ ဖြစ်ပြီး ထိုသို့ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင်တွေ ဖြစ်တဲ့ ဂလေဇာ မိသားစုလည်း အသင်းကို လက်လွှတ်ဖို့၊ ရောင်းချသွားဖို့ သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ် က မျှော်လင့် နေပါတယ်။