ရီးရဲလ်က ဒဏ်ရာတွေ အခုထိ ကုမကုန်နိုင်သေးလို့ ရာမို့စ်ကို ကန်ထုတ်ချင်လာတဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီအသင်းဟာ ဒီ နွေ ကမှ ခေါ်ယူထားတဲ့ စပိန်သား နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို စာချုပ် ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
နာမည်ကျော် စပိန်နောက်ခံလူဟောင်းကို ရီးရဲလ်မက်ဒရစ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီက ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းခံစစ်ပိုင်းမှာ အားကိုးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ရာမို့စ်ကတော့ ဒဏ်ရာ ပြသနာတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

ရာမို့စ်ဟာ ရီးရဲလ်မှာကစားပေးစဉ်ကတည်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေကို အခုချိန်ထိ ကုသမှု ပြုလုပ်နေရကာ ပီအက်စ်ဂျီအတွက် တပွဲမှ ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့လအတွင်းက လေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အသက် ၃၅ နှစ် အရွယ် နောက်ခံလူဟာ ကြံ့ခိုင်မှု ပြသနာရှိနေပြီး ဒဏ်ရာ အကင်းသေမှုလည်း မရှိသေးဘူးလို့ သိရပါတယ်။
ရာမို့စ်ရဲ့ အဆိုပါအခြေအနေတွေကြောင့် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေက သူတို့ရဲ့အပြောင်းအရွှေ့ဟာ မှားယွင်းနေပြီလို့ ခံစားနေရကြောင်းလည်း ပြင်သစ်သတင်းဌာန Le Parisien က ဆိုပါတယ်။
ဒါကြောင့် ရာမို့စ်နဲ့ နှစ်ဖက် သဘောတူလမ်းခွဲဖို့နည်းလမ်းကို ပီအက်စ်ဂျီဘက်က စဉ်းစားနေပြီး ကစားသမားဘဝမှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့တဲ့ ရာမို့စ်တစ်ယောက် အသင်းလက်မဲ့ဖြစ်မယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

ZG
ပီအက္စ္ဂ်ီအသင္းဟာ ဒီ ေႏြ ကမွ ေခၚယူထားတဲ့ စပိန္သား ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ကို စာခ်ဳပ္ ဖ်က္သိမ္းဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။
နာမည္ေက်ာ္ စပိန္ေနာက္ခံလူေဟာင္းကို ရီးရဲလ္မက္ဒရစ္ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ပီအက္စ္ဂ်ီက ေခၚယူခဲ့တာျဖစ္ၿပီး အသင္းခံစစ္ပိုင္းမွာ အားကိုးႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ရာမို႔စ္ကေတာ့ ဒဏ္ရာ ျပသနာေတြနဲ႔ ရင္ဆိုင္ေနခဲ့ရပါတယ္။
ရာမို႔စ္ဟာ ရီးရဲလ္မွာကစားေပးစဥ္ကတည္းက ရရွိခဲ့တဲ့ ဒဏ္ရာေတြကို အခုခ်ိန္ထိ ကုသမႈျပဳလုပ္ေနရကာ ပီအက္စ္ဂ်ီအတြက္ တပြဲမွ ကစားေပးႏိုင္ျခင္း မရွိေသးပါဘူး။
ျပီးခဲ့တဲ့လအတြင္းက ေလ့က်င့္ခန္း ျပန္လည္ျပဳလုပ္ႏိုင္တယ္လို႔ သတင္းေတြထြက္ခဲ့ေပမယ့္ အသက္ ၃၅ ႏွစ္ အ႐ြယ္ ေနာက္ခံလူဟာ ႀကံ့ခိုင္မႈ ျပသနာရွိေနၿပီး ဒဏ္ရာ အကင္းေသမႈလည္း မရွိေသးဘူးလို႔ သိရပါတယ္။
ရာမို႔စ္ရဲ႕ အဆိုပါအေျခအေနေတြေၾကာင့္ ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူေတြက သူတို႔ရဲ႕အေျပာင္းအေ႐ႊ႕ဟာ မွားယြင္းေနၿပီလို႔ ခံစားေနရေၾကာင္းလည္း ျပင္သစ္သတင္းဌာန Le Parisien က ဆိုပါတယ္။
ဒါေၾကာင့္ ရာမို႔စ္နဲ႕ ႏွစ္ဖက္ သေဘာတူလမ္းခြဲဖို႔နည္းလမ္းကို ပီအက္စ္ဂ်ီဘက္က စဥ္းစားေနၿပီး ကစားသမားဘဝမွာ ေအာင္ျမင္မႈ အႀကီးအက်ယ္ရရွိခဲ့တဲ့ ရာမို႔စ္တစ္ေယာက္ အသင္းလက္မဲ့ျဖစ္မယ့္ အေနအထားနဲ႔ ရင္ဆိုင္ေနရပါတယ္။