ဟာလန်းနဲ့ လီဝန်ဒေါစကီး တို့ထက်တောင် သာတဲ့ တိုက်စစ်မှုး ဖြစ်နေတဲ့ မန်ယူမှ မာရှယ်
မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး အန်တိုနီ မာရှယ်က မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၄-၂ ဗီလာ ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လက်ရှိ ဥရောပရဲ့ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူး အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အသက် ၂၆နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အန်တိုနီ မာရှယ်က ယခုနှစ် ဘောလုံးရာသီမှာ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသူ ဖြစ်ပေမယ့် ဗီလာနဲ့ပွဲမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားခဲ့သလို ပွဲချိန် ၄၉မိနစ်မှာ အသင်းအတွက် အရေးပါတဲ့ ပထမ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ထို သွင်းဂိုးကြောင့် မာရှယ်က ယခုနှစ်ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၆ပွဲ ပါဝင် ကစားပေး ထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်က အတော်လေးကို အထင်ကြီးစရာ ကောင်းနေပါတယ်။

ဒါ့အပြင် မာရှယ်က ယခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ဖို့ အတွက် ဂိုးပေါက် ကန်သွင်းမှု ၄ကြိမ်သာ ပြုလုပ်ထားရပြီး တနည်းအားဖြင့် ပြောရရင် သူဟာ ကန်သွင်းသမျှ ကန်ချက်တိုင်းကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲထားနိုင်ပါတယ်။
ဒါကြောင့်ပဲ မာရှယ်ရဲ့ ဒီရာသီ အဆုံးသတ် စွမ်းဆောင်ရည်က ၁၀၀ ရာခိုင်နှုန်း အပြည့် ဖြစ်ပြီး အဆိုပါ အံ့မခန်း စွမ်းဆောင်ရည်ကြောင့် မာရှယ်က မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်းနဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီး တို့ထက်တောင် သာနေကာ လက်ရှိ ဥရောပရဲ့ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်က မနေ့ညက ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ မာရှယ်၊ ရက်ဖို့ဒ်၊ ဖာနန်ဒက်ဇ်၊ တော်မီနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိကာ စတုတ္ထအဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပြီး စတုတ္ထအဆင့်မှာတော့ ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပဲ ဖြစ်ပါတယ်။