မန်စီးတီး ရှုံးပွဲကြုံချိန် အာဆင်နယ်တို့ နိုင်ပွဲယူ အမှတ်ပိုဖြတ်ပြီး ကမ္ဘာ့ဖလားကာလမှာ စိတ်ကူးယဉ်နိုင်တော့မယ့် အာတီတာ
ဒီအပတ် မန်စီးတီး မထင်မှတ်ဘဲ ရှုံးပွဲတွေ့သွားချိန်မှာ အာဆင်နယ်ကတော့ ဝုလ်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နိုင်ပြီး အမှတ်ပေးဇယားကို အမှတ်ကွာဟချက် ပိုမိုများပြားမှုနဲ့ ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ်။
အာဆ်ငနယ်ဟာ ဝုဗ်ကို အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အာတီတာကတော့ ကမ္ဘာ့ဖလား ကာလကို စိတ်အေးလက်အေးနဲ့ နေခွင့်ရခဲ့ကာ အမှတ်ပေးဖလားအတွက် ကောင်းကောင်းကြီး စိတ်ကူးယဉ်နိုင်တော့မှာ ဖြစ်ပါတယ်။
အာဆင်နယ် မှာက ကစားသမားတိုင်းလိုလို လိုအပ်ချိန်မှာ အသင်းအတွက် ဂိုးသွင်းပေးနိုင်တဲ့ အနေအထား ဖြစ်နေတာက ကံကောင်းတာပါပဲ။ ဒါက သူတို့ရဲ့ ကြိုးစားမှုကြောင့်လည်း ဖြစ်ပါတယ်။
အာဆ်ငနယ်က တာက်လျှောက်ကို အမှတ်ပေးဇယားကို ဦးဆောင်လာခဲ့ပြီးတော့ သူတို့နေရာ မဖယ်ပေးရရေးအတွက် စိတ်ဓာတ်အပြည့်နဲ့ တိုက်ပွဲဝင်နေခဲ့တာဖြစ်ပြီး ချီးကိုချီးကျူးရမယ့် အသင်းဖြစ်နေပါတယ်။

ဒီပွဲမှာလည်း အသင်းဂိုးလိုနေချိန် အိုဒီဂတ်က အဖွင့်ဂိုးစသွင်းပေးပြီး သူပဲ နောက်တဂိုးထပ်သွင်းကာ နိုင်ပွဲကို သေချာစေခဲ့ပါတယ်။
အာဆင်နယ်ဟာ အခုတော့ မန်စီးတီးကို ၅ မှတ်ဖြတ်ထားပြီး ဇယားထိပ်မှာ ကျေနပ်လောက်စရာအရည်အသွေး၊ ထိုက်တန်တဲ့အရည်အချင်းနဲ့ ဦးဆောင်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃ ပုံ ၁ပုံကျော်မှာတော့ အခြေအနေက တော်တော်လေး ကောင်းနေပြီလို့ ပြောရပါတော့မယ်။
ကမ္ဘာ့ဖလားမှာ အာဆင်နယ် အသင်းမှ ကစားသမားတချို့ ဝင်ရောက်ကစားရဖို့ရှိနေပေမယ့် အားထားရတဲ့ တချို့ကစားသမားတွေ ကစားဖို့မရှိတာကလည်း အာဆင်နယ်အတွက် တမျိုးအားဖြင့် ကံကောင်းပါတယ်။
ခံစစ်က ဂါဘရီရယ်၊ အိုဒီဂတ်၊ ပါတေးစတဲ့ အဓိကကစားသမားတွေက နိုင်ငံအသင်းတွေနဲ့ မပါဝင်လို့ အေးအေး ဆေးဆေး ရှိနေမှာဖြစ်ပြီး ပြိုင်ပွဲပြန်စချိန်မှာ အင်ပြည့်အားပြည့်နဲ့ ဆက် ကစားပေးနိုင်မှာ ဖြစ်ပါတယ်။