စီဘယ်လော့၊ ဗလာဟိုဗစ်၊ လာကာဇက်၊ ဇန်နဝါရီ အဓိက ပစ်မှတ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
ဖီအိုရင်တီးနားမှာ အစွမ်းပြနေတဲ့ တိုက်စစ်မှုး ဒူဆန် ဗလာဟိုဗစ်ဟာ တနင်္ဂနွေနေ့က ပွဲမှာလည်း ဟက်ထရစ် သွင်းယူခဲ့ပြီး ဆားဘီးယားသားကို အာဆင်နယ်နဲ့ စပါး ပရိသတ်တွေက အလိုရှိနေကြပါတယ်။ အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှုးဟာ စာချုပ် သက်တမ်းတိုးမှာ မဟုတ်ကြောင်း ဖီအိုရင်တီးနားကလည်း ဝန်ခံထားပါတယ်။
အာဆင်နယ် ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဗဟိုကွင်းလယ်လူတစ်ဦး ဦးစားပေး ခေါ်ယူသွားမှာဖြစ်ကြောင်း လန်ဒန်သတင်းဌာနက ဖော်ပြထားပါတယ်။

အာဆင်နယ်အနေနဲ့ ဘက်တစ်ကွင်းလယ်ခံစစ်ကစားသမား ဂူဒိုရိုဒရီဂွတ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ဘက်တစ်မှာတောက်ပတဲ့ခြေစွမ်းကိုပြသထားပြီး သူ့ကို ဝက်စ်ဟမ်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက လက်စတာနဲ့ပွဲက အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိကြောင်း၊ သူတို့အနေနဲ့ လိုချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့ပြီး အသင်းဟာ များစွာတိုးတက်ပြောင်းလဲလာကြောင်း ဖွင့်ဟခဲ့ပါတယ်။
တိုက်စစ်မှုး လာကာဇက်ဟာ ရာသီကုန် အာဆင်နယ်နဲ့ စာချုပ် သက်တမ်းကုန်ရင် အလွတ်နဲ့ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် နောက်နှစ် အာဆင်နယ်မှာ ဆက်ရှိနေမလား အမေးကို ပြင်သစ်သားက ” ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ” လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အရင် အငှား ခေါ်ယူဖူးတဲ့ ရီးရဲမက်ဒရစ်ကွင်းလယ်လူ စီဘယ်လော့ကို အနာဂတ်မှာ ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်လျက်ရှိနေကြောင်း စပိန်သတင်းဌာနက ဖော်ပြထားပါတယ်။

ZG
ဖီအိုရင္တီးနားမွာ အစြမ္းျပေနတဲ့ တိုက္စစ္မႈး ဒူဆန္ ဗလာဟိုဗစ္ဟာ တနဂၤေႏြေန႔က ပြဲမွာလည္း ဟက္ထရစ္ သြင္းယူခဲ့ျပီး ဆားဘီးယားသားကို အာဆင္နယ္နဲ႕ စပါး ပရိသတ္ေတြက အလိုရွိေနၾကပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ တိုက္စစ္မႈးဟာ စာခ်ဳပ္ သက္တမ္းတိုးမွာ မဟုတ္ေၾကာင္း ဖီအိုရင္တီးနားကလည္း ဝန္ခံထားပါတယ္။
အာဆင္နယ္ ဟာ လာမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ဗဟိုကြင္းလယ္လူတစ္ဦး ဦးစားေပး ေခၚယူသြားမွာျဖစ္ေၾကာင္း လန္ဒန္သတင္းဌာနက ေဖာ္ျပထားပါတယ္။
အာဆင္နယ္အေနနဲ႔ ဘက္တစ္ကြင္းလယ္ခံစစ္ကစားသမား ဂူဒိုရိုဒရီဂြတ္ဇ္ကို ေခၚယူဖို႔ စိတ္၀င္စားလ်က္ ရွိေနပါတယ္။ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဘက္တစ္မွာေတာက္ပတဲ့ေျခစြမ္းကိုျပသထားၿပီး သူ႔ကို ၀က္စ္ဟမ္းကလညး္ ေခၚယူဖုိ႔ ႀကိဳးပမ္းေနပါတယ္။
အာဆင္နယ္နညး္ျပ အာတီတာက လက္စတာနဲ႔ပြဲက အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ေက်နပ္မိေၾကာငး္၊ သူတုိ႔အေနနဲ႔ လိုခ်င္တဲ့ ပံုစံအတုိင္း ကစားႏုိင္ခဲ့ၿပီး အသင္းဟာ မ်ားစြာတုိးတက္ေျပာငး္လဲလာေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
တိုက္စစ္မႈး လာကာဇက္ဟာ ရာသီကုန္ အာဆင္နယ္နဲ႕ စာခ်ဳပ္ သက္တမ္းကုန္ရင္ အလြတ္နဲ႕ ထြက္ခြာသြားဖြယ္ ရွိေနပါတယ္။ ဒါေပမယ့္ ေနာက္နွစ္ အာဆင္နယ္မွာ ဆက္ရွိေနမလား အေမးကို ျပင္သစ္သားက ” ဘာမဆို ျဖစ္သြားနုိင္ပါတယ္။ ” လို႔ တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ အရင္ အငွား ေခၚယူဖူးတဲ့ ရီးရဲမက္ဒရစ္ကြင္းလယ္လူ စီဘယ္ေလာ့ကို အနာဂတ္မွာ ျပန္လည္ေခၚယူဖုိ႔ ခ်ိတ္ဆက္လ်က္ရွိေနေၾကာင္း စပိန္သတင္းဌာနက ေဖာ္ျပထားပါတယ္။