အိုင်ဗန်တိုနေး ချိန်ရွယ်ခြင်းနဲ့ ဒိုလေး ခေါ်နိုင်ဖို့ ရေပန်းစားခြင်း၊ အသင်းဖော်တွေချင်း ၄ခါ တွေ့မယ့် အုပ်စုပွဲများနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးကစားသမားတွေဟာ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲစဉ်တွေမှာတင် ကလပ်အသင်းဖော်တွေချင်း ပြန် ရင်ဆိုင်ရမယ့် ပွဲ ၄ ပွဲ ထိ ရှိနေပါတယ်။
ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကတော့ တစ်ပတ် အတွင်းမှာပဲ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ချယ်ဆီး ကစားသမား ၁၂ ဦး ထိ နိုင်ငံလက်ရွေးစင် အသင်းတွေနဲ့ အတူ ပါဝင်ပူးပေါင်းထားကြပါတယ်။
ချဲလ်ဆီး ကွင်းလယ်လူ ပူလီဆစ် ဟာ ကမ္ဘာ့ဖလားမှာ အမေရိကန် အသင်းကို ဦးဆောင်လာမှာ ဖြစ်ပြီး ကျောနံပါတ် ၁၀ ကို ဝတ်ဆင် သွားမယ်လို့ သိရှိရ ပါတယ်။
ရော်နယ်ဒိုရဲ့ ပွဲဆူသွားတဲ့ အင်တာဗျူး ထွက်ပေါ်လာပြီးနောက် ချဲလ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီမှာ ရော်နယ်ဒို ကို ခေါ်ယူနိုင်မယ်လို့ ရေပန်းစားလာပြီ ဖြစ်ကြောင်း လန်ဒန် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ချဲလ်ဆီး အသင်းဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှုး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ တိုနေးဟာ အင်္ဂလန် အသင်းမှာ အရွေးချယ် မခံရပေမယ့် ဒီရာသီ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေပါတယ်။
ချဲလ်ဆီး အသင်းဟာ ဆောက်သမ်တန် အစွန်ခံစစ်သမား ကိုင်လီ ဝေါ်ကာပီတာ ကို နွေအတွက် ချိတ်ဆက်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။ ချဲလ်ဆီး က ဒမ်ဖရိုင်းစ်ကိုလည်း ပစ်မှတ်ထားပေမယ့် ဝေါ်ကာ ပီတာကိုလည်း တပြိုက်နက်တည်း ချိန်ရွယ်နေတာပါ။
ချဲလ်ဆီး၊ ပေါ်တူဂီ ၊ ဘရာဇီး အသင်းတွေကို ကိုင်တွယ် ခဲ့ဖူးတဲ့ နည်းပြကြီး လူးဝစ် ဖိလစ်ပီ စကိုလာရီ ဟာ အသက် ၇၄ နှစ် အရွယ်မှာ ဘောလုံး ကနေ အနားယူကြောင်း ကြေညာ အသိပေးသွားခဲ့ ပါတယ်။