စူပါကွန်ပြူတာရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံနဲ့ Top 4 ဝင်မယ့် အသင်းတွေ ဟောကိန်း ထုတ်မှု ထွက်ပေါ်
ကမ္ဘာ့ဖလား ကာလ ကလပ်အသင်းတွေ နားရက် ရနေချိန်မှာ အာဆင်နယ် အသင်း အနေနဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးကို ငါးမှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။
နယူးကာဆယ် ကလည်း အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး တော့တင်ဟမ် ကတော့ လိဒ်ကို ခက်ခက်ခဲခဲ အနိုင်ကစားကာ top 4 နေရာကို ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။
Betting expert ရဲ့ စူပါကွန်ပြူတာ တွက်ချက်မှု အရ လီဗာပူးဟာ ဒီရာသီမှာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်လိမ့်မယ်လို့ သိရပါတယ်။

၎င်းက လီဗာပူး ဟာ ပွဲစဉ် ၃၈ အပြီးမှာ ခန့်မှန်းခြေအားဖြင့် ၆၅.၆ မှတ် ရလိမ့်မယ်လို့ ဆိုထားပြီး အဲရစ်တန်ဟတ်ရဲ့ မန်ယူနိုက်တက် ကတော့ လီဗာပူးကို ကျော်ကာ အဆင့် ၅ နေရာမှာ ရပ်တည်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ သရဲနီ တို့ကတော့ ရာသီကုန်မှာ ၆၇.၅ မှတ် ရနိုင်တယ်လို့ တွက်ချက် ထားပါတယ်။
တော့တင်ဟမ်ဟော့စပါး ကိုတော့ top 4 ဝင်သွားလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပြီး အန်တိုနီယိုကွန်တီရဲ့ အသင်းဟာ ခန့်မှန်းရမှတ် ၆၇.၆ မှတ်ကို ရယူကာ မန်ယူနိုက်တက်ကို အနည်းငယ် ကပ်ကာ အသာရသွားမယ်လို့ တွက်ထားပါတယ်။
ဒ့ါအပြင် စူပါကွန်ပြူတာဟာ ဒီရာသီမှာ အကောင်းဆုံး ပုံစံကို ပြသလျက် ရှိနေတဲ့ အက်ဒီဟောင်းရဲ့ နယူးကာဆယ်ကို အဆင့် ၃ နေရာ ရယူသွားမယ်လို့ ဆိုထားပြီး ၆၉.၂ မှတ် ရသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် title race မှာ မန်စီးတီးကို ပွတ်ကာသီကာ ကျော်ဖြတ်ကာ အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပြီး ဂန်းနား တို့ဟာ ပွဲစဉ် ၃၈ အပြီးမှာ ခန့်မှန်း ရမှတ် ၈၂.၈ မှတ် ရယူကာ ပက်ဂွာဒီယိုလာရဲ့ အသင်း (၈၂.၄ မှတ်) ကို အသာရသွားမယ်လို့ တွက်ချက် ခဲ့ပါတယ်။