ဂျေးဆု ရင်ဆိုင်ရ ခက်သူ၊ ကမ္ဘာ့ဖလားမှာ တောက်ပဦးမယ့် ဂန်းနားတစ်ဦး၊ သူ့တန်ကြေး သူ စိတ်ပျက်နေတဲ့ မူဒရစ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဆင်နယ် ခံစစ်မှုး ဆာလီဘာက ပြင်သစ် အသင်းနဲ့ အတူ အားလုံး အံ့အားသင့်သွားအောင် လုပ်ဆောင်ပြလိမ့်မယ် လို့ ပရီးမီးယားလိဂ် ခံစစ်မှုးဟောင်းကြီး ဆီဗက်စတြာ က ရွေးချယ် သုံးသပ်သွားခဲ့ပါတယ်။
အာဆင်နယ် တိုက်စစ်မှုး ဂါဘရီရယ်ဂျီဆုဟာ သူ့ရဲ့ ဘရာဇီး အသင်းဖော် ဖြစ်တဲ့ လီဗာပူး ဂိုးသမား အယ်လီဆန် ဘက်ကာ က ရင်ဆိုင်ရ ခက်လွန်းတဲ့သူ ဖြစ်ကြောင်း ချီးကျူး ပြောဆိုမှု လုပ်သွားခဲ့ပါတယ်။
အာဆင်နယ် အသင်း ရဲ့ ပစ်မှတ် မူဒရစ်ခ် ကတော့ သူ့ရဲ့ တန်ကြေး ကို ယူရို သန်း ၁၀၀( ပေါင် ၈၇.၅ သန်း ) သတ်မှတ်ခဲ့တဲ့ ရှက်တာဒိုးနက် အသင်း ရဲ့ လုပ်ရပ်အပေါ် အံ့အားသင့်မိပြီး စိတ်ပျက်မိတယ်လို့ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ခဲ့တဲ့ မူဒရစ်ခ် ကို ဥရောပ အသင်းကြီးကြီး တော်တော်များများ က စိတ်ဝင်စားနေကြပြီး အဲ့ဒီ အသင်းတွေထဲမှာ အာဆင်နယ်၊ မန်ချက်စတာ စီးတီး နဲ့ နယူးကာဆယ် အသင်းတို့လည်း ပါဝင်ပါတယ်။
အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်လူဟောင်း ဆန်တီ ကာဇိုလာ က မနေ့က ပြုလုပ်ခဲ့တဲ့ ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကနေ အနားယူ ဖြစ်ပါက အာဆင်နယ် အသင်းဆီ ပြန် လာချင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးကပဲ အပြတ်အသတ် သာသွားမယ်လို့ ဆိုခဲ့ပေမယ့် ထိုစကား ပြောပြီး တစ်ပတ် အကြာမှာပဲ စီးတီး ရှုံးပွဲတွေ့ကာ အာဆင်နယ် က ဇယားထိပ်ကို ၅ မှတ်ပြတ် ဦးဆောင်ခဲ့တဲ့နောက် လေသံပြောင်းလာခဲ့ပြီး သူ့ ခန့်မှန်းချက် သူ သံသယ ဖြစ်လာပြီ လို့ ဝန်ခံသွားခဲ့ပါတယ်။