မောင့် စာချုပ်သစ် အလားအလာ၊ စီးရီးအေ ပြောင်းမယ့် ကန်တေ၊ နွေမှာ ငွေသုံး လောခဲ့ခြင်းနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
အီရန် နဲ့ ယှဉ်ပြိုင် ရမယ့် အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်မှာ ချဲလ်ဆီး ကစားသမား မေဆန်မောင့်၊ စီးတီးမှ ဖီးလ်ဖိုဒန်၊ အာဆင်နယ်မှ ဆာကာ တို့ ပါဝင် လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
ချဲလ်ဆီး အသင်းရဲ့ ပြီးခဲ့တဲ့ နွေတုန်းက ခေါ်ယူမှုတွေဟာ အလောတကြီးနဲ့ ငွေသုံးခဲ့တာ သက်သက်ပဲ ဖြစ်ပြီး ဘာဗျူဟာမှ မရှိတော့ဘဲ ရလဒ်ကောင်းတွေလည်း မရတော့ကြောင်း ချဲလ်ဆီး နောက်ခံလူဟောင်း ဝီလျံ ဂါးလက်စ် က ထောက်ပြခဲ့ပါတယ်။

ချဲလ်ဆီး အသင်းနဲ့ မေဆန်မောင့် စာချုပ်ဟာ ၁၈ လ ကျော်သာ ကျန်ရှိပြီး အခုထိ သက်တမ်းတိုး စာချုပ်သစ် မချုပ် ဆိုနိုင်သေးတာကြောင့် လီဗာပူးနဲ့ ဂျူဗင်တပ် တို့က မောင့်ကို စောင့်ကြည့်လာကြကြောင်း ဂါးဒီးယန်း သတင်းက ဖော်ပြလာပါတယ်။
အသက် ၂၃ နှစ် အရွယ် အင်္ဂလန်သားဟာ နွေတည်းက သက်တမ်းတိုး ကိစ္စ ချဲလ်ဆီး ဘုတ်အဖွဲ့နဲ့ ဆွေးနွေးမှု ရှိပေမယ့် အခုထိ အပြီးသတ်နိုင်ခြင်း မရှိသေးတာပါ။ နောက်ထပ် ဆွေးနွေးမှုက ဇန်နဝါရီမှာ ထပ်ရှိဦးမယ် မျှော်လင့်ရပါတယ်။
ချဲလ်ဆီး ကွင်းလယ်သမား ကန်တေဟာ နောက်နှစ်နွေမှာ စာချုုပ်ကုန်ဆုံးမှာ ဖြစ်ပြီး စီးရီးအေသို့ ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။ ကန်တေ ကို အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့ကလည်း စိတ်ဝင်စားနေတာပါ။

ချဲလ်ဆီး ကွင်းလယ်လူ ကာဆာဒေးဟာ ပထမအသင်းကြီးမှာ ကစားချိန် လုံးဝမရပေမယ့်လည်း ချဲလ်ဆီးထံ ပြောင်းရွှေ့ ခဲ့တာကို နောင်တ လုံးဝမရဘူးလို့ ပြောဆိုခဲ့ပါတယ်။
မေဆန်မောင့်နဲ့ ချဲလ်ဆီးရဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေကို ကမ္ဘာ့ဖလားပြီးတဲ့အထိ ဆိုင်းငံ့ထားခဲ့တဲ့နောက် လီဗာပူးနဲ့ ဂျူဗင်တပ်ဟာ အင်္ဂလန်ကွင်းလယ်လူရဲ့ အနာဂတ် မရေရာမှု မြင့်တက်လာတဲ့အပေါ်မှာ စောင့်ကြည့်နေကြပါတယ်။