မေဂျာလိဂ်ကလပ် နည်းပြ ဝိန်းရွန်းနီက အမေရိကန် အသင်းဟာ အင်္ဂလန်ကို ဆပ်ပရိုက် တိုက်သွားနိုင်တယ် လို့ သတိပေး

အင်္ဂလန် ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရွန်းနီက ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွေမှာ နှစ်သင်းစလုံး ဘယ်လိုကစားခဲ့ကြလဲဆိုတာကို မြင်တွေ့ခဲ့ရပြီးနောက် အမေရိကန် အသင်းက အင်္ဂလန်ကို အံ့အားသင့်အောင် လုပ်ပြနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ယုံကြည်နေပါတယ်။

“ဝေးလ်စ်နဲ့ ကစားခဲ့တဲ့ ပထမပိုင်းမှာ ယူအက်စ်အေက အရမ်းကောင်းမွန်ခဲ့တယ်။ သူတို့တွေ ဘောလုံးကို လျင်လျင် မြန်မြန် ရွေ့လျားနိုင်ခဲ့ပြီး ကြမ်းကြမ်းတမ်းတမ်း ကစားနိုင်ခဲ့တယ်။ သူတို့တွေ ပွဲစဉ်အတွင်းမှာ အင်အားတွေလည်း အများကြီး ရှိခဲ့တယ်။ အင်္ဂလန်နဲ့ပွဲမှာလည်း အမေရိကန်တွေရဲ့ ချဉ်းကပ်ပုံက အလားတူပဲဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

“သူတို့တွေ ခြေအသာနဲ့ ကစားနိုင်မှာဖြစ်ပြီး အင်္ဂလန်နဲ့ပွဲမှာ အနိုင်ယူဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီပွဲက အီရန်နဲ့ ရင်ဆိုင်ခဲ့တဲ့ အင်္ဂလန်အသင်းအတွက် လုံးဝကို ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုဖြစ်ပါလိမ့်မယ်။

ခက်ခဲတဲ့ပွဲ တစ်ပွဲပါ။ အင်္ဂလန်အနေနဲ့ ပွဲအစကတည်းက အကောင်းဆုံးပုံစံမှာရှိဖို့လိုအပ်ပြီး အဲဒီလိုမှ မဟုတ်ရင် သူတို့တွေ အံအားသင့်ကောင်း အံ့အားသင့်ရနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဝိန်း ရွန်းနီ က အမေရိကန် အသင်းဘက်မှာ ခရစ်ရှန် ပူလီရှစ်၊ ဝက်စ်တန် မက်ကန်နီ၊ ယူနပ်စ် မူဆာ၊ ဘရန်ဒန် အာရွန်ဆင်၊ တိုင်လာ အဒမ်စ်တို့လို ကစားသမားကောင်းတွေရဲ့ နာမည်ကိုလည်း ထုတ်ပြောခဲ့ပြီး ယူအက်စ်အေ လူစာရင်းထဲမှာ အလွန်ကောင်းမွန်တဲ့ မေဂျာလိဂ်ကစားသမားအများအပြား ရှိနေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွန်းနီ ဟာ လက်ရှိမှာလည်း အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် ကို နည်းပြ အဖြစ် ကိုင်တွယ်နေတာ ဖြစ်ပြီး မေဂျာလိဂ် တိုးတက်လာနေတာ က အမေရိကန် လက်ရွေးစင် အသင်း အတွက် ဘယ်လိုကြီးမားတဲ့ အထောက် အပံ့ လို့ ယုံကြည်နေပါတယ်။

မေဂျာလိဂ်ဟာ ပရီးမီးယားလိဂ်လောက် မဟုတ်ပေမယ့် ချန်ပီယံရှစ်ထက် သာလွန်တဲ့ အဆင့်အတန်းနဲ့ အရည် အသွေး ရှိနေကြောင်းလည်း ရွန်းနီ က ဆိုခဲ့ပါတယ်။