ဂလေဇာတို့ ထုတ်ရောင်းမှ မထင်မှတ်တဲ့ ပိုင်ရှင်သစ်ရပြီး ကမ္ဘာ့ အချမ်းသာဆုံး ကလပ် ဖြစ်လာဖွယ် ရှိတဲ့ မန်ယူအသင်း
နာမည်ကျော် အမှတ်တံဆိပ် ဖြစ်တဲ့ Apple က မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူမယ် ဆိုတဲ့ သတင်းတွေ ဒီနေ့ ခပ်စိတ်စိတ် ထွက်ပေါ်နေပါတယ်။
တကယ်လို့ Apple ကသာ ယူနိုက်တက် အသင်းကို ဝယ်ယူခဲ့မယ်ဆိုရင် မန်ချက်စတာကလပ်က ကမ္ဘာ့ အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာဖွယ်ရှိနေပါတယ်။
ပရိသတ်တွေရဲ့ ဆန္ဒပြမှုကြောင့် ဂလေဇာမိသားစုဟာ ၁၇ နှစ်ကြာ ပိုင်ဆိုင် တာဝန် ယူခဲ့ပြီးနောက် လက်ရှိ အချိန်မှာ ရောင်းချဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ကြီးမားတဲ့ငွေကြေးတွေအသုံးပြုခဲ့ပေမယ့် သူတို့ကွင်းအနေအထား ၊ လေ့ကျင့်ရေး ပစ္စည်းတွေ၊ အဆောက်အဦတွေဟာ ဥရောပ အသင်းကြီးတွေရဲ့နောက်မှာသာ ကျန်ရစ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စီ ရော်နယ်ဒို ကိုယ်တိုင်ကလည်း အသင်းရဲ့တိုးတက်မှုအနေအထားဟာ နောက်ကျနေခဲ့တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။
ဂလေဇာမိသားစုကို ပရိသတ်ဆန္ဒပြတာက အဆိုပါအချက်တခုတည်းတင်မဟုတ်ပဲ အသင်းက အကြွေးတွေ မီလျံနဲ့ချီ တင်နေခဲ့တာာကြောင့်လည်း ဖြစ်ပါတယ်။ အင်္ဂလန် သတင်းတွေ အဆိုအရ Apple ဟာ ယူနိုက်တက်ကို ဂလေဇာ မိသားစုလက်ထဲကနေ ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
တကယ်လို့ ဝယ်ယူဖြစ်ခဲ့ရင်တော့ မန်ချက်စတာ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ အချမ်းသာဆုံး ကလပ်အသင်း ဖြစ်လာမှာဖြစ်ပါတယ်။
Apple စီအီးအို တင်မ်ကွက်ခ်ကလည်း အခွင့်အရေးပေးလာရင် ယူနိုက်တက်ကို ဝယ်ယူနိုင်ချေရှိနေပါတယ်။ အဆိုပါ ဝယ်ယူမှုကြောင့် ယူနိုက်တက်ကွင်းအသစ်ဖြစ်အောင် လုပ်ဆောင်နိုင်တဲ့အပြင် အခြားလိုအပ်တာတွေပါ ထောက်ပံ့ လာနိုင်ဖွယ် ရှိနေပါတယ်။