၂ပွဲကန်ပြီး ထွက်ရတဲ့ အိမ်ရှင် ကာတာ၊ မက်ဆီ နေမာတို့ အခြေအနေ၊ မူဒရစ်ကို စည်းရုံးနေတဲ့ ရှက်တာနဲ့ ယနေ့ နံနက်ခင်း သတင်းများ
မနေညက ကစားသွားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်တွေ အပြီးမှာတော့ အိမ်ရှင် ကာတာ အသင်း ကတော့ ဆီနီဂေါ ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ကာ ကမ္ဘာ့ဖလား ကနေ အစောဆုံး ထွက်ရတဲ့ အသင်း ဖြစ်သွားခဲ့ပါပြီ။
ဘရာဇီး ရဲ့ အဓိက တိုက်စစ်မှူး နေမာ ဒဏ်ရာကြောင့် အုပ်စု လက်ကျန် ၂ ပွဲစလုံးကို လွဲချော်ခဲ့ သလိုပဲ မန်ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီ ဟာလည်း ဖျားနာနေမှုကြောင့် မနေ့က လေ့ကျင့်ခန်း အစီအစဉ် မှာ ပါဝင် မလာ နိုင်ခဲ့ဘူးလို့ သိရပါတယ်။
အာဂျင်တီးနား နည်းပြ စကာလိုနိ ကတော့ ဆော်ဒီ နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ အနည်းငယ် ရှိခဲ့တဲ့ မက်ဆီ ဟာ ဒီနေ့ ကစားမယ့် မက္ကဆီကို နဲ့ ပွဲကို ပါဝင်ဖို့ အဆင်သင့် ရှိနေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ် ကတော့ အမေရိကန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် မတူညီတဲ့ ပုံစံသစ် တစ်ခုနဲ့ ကစားခဲ့တဲ့ အသင်းသားတွေအပေါ်မှာတော့ အပြစ်တင်ခြင်း မပြုလုပ်ခဲ့ပါဘူး။
အမေရိကန် ကွင်းလယ်ကစားသမားလေး မူဆာကတော့ ကမ္ဘာကြီးအနေနဲ့ အမေရိကန်ရဲ့ အရည်အသွေးတွေကို မြင်တွေ့ခဲ့ရပြီ ဖြစ်ကြောင်း ပွဲအပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ရှက်တာ ဒိုးနက် အသင်း နည်းပြ ဟာ အာဆင်နယ် ပစ်မှတ် မူဒရစ် ကို အသင်းမှာ ဆက်လက် ကစားဖို့ ပြောဆို ဖြောင့်ဖျနေတယ်လို့ သိရပါတယ်။

ဆီနီဂေါ အသင်းနည်းပြ ဆစ်ဆီကတော့ ၎င်းတို့ အာဖရိကန် အသင်းတွေဟာ ကမ္ဘာ့ဖလားကို ဗိုလ်စွဲဖို့ ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ ဆိုပြီး ကာတာနဲ့ ပွဲအပြီး ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
ဒိန်းမတ် နည်းပြ ဟုဂျ်မန်း ကတော့ ၎င်းတို့ဟာ ပြင်သစ် အသင်းတိုက်စစ်မှူး ဘတ်ပေကိုသာ အဓိက ဦးစားပေး ထိန်းချုပ် ကစားသွားမှာ မဟုတ်ကြောင်း ကြိုတင် ပြောဆိုသွားခဲ့ပါတယ်။