ခြေစမ်းပွဲမှာ ၁ဂိုးဖန်တီး ၁ဂိုးသွင်းပြီး မန်စီးတီးမှာ သူ့ အရည်အသွေးကို သက်သေပြသွားတဲ့ မာရက်ဇ်

မန်စီးတီးအသင်းဟာ ပြီးပြည်စုံတဲ့ ခြေစွမ်း မရသေးဘူးလို့နည်းပြ ပက်ဂွါဒီယိုလာက ဝန်ခံပြောကြားခဲ့ပေမယ့် တောင်ပံကစားသမား ရီယက် မာရက်ဇ်ကတော့ သူရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားဆဲ ဆိုတာ ခြေစမ်းပွဲမှာ သက်သေပြခဲ့ပါတယ်။

မန်စီးတီးအကယ်ဒမီကွင်းမှာ တံခါးပိတ် ဘန်စလေနဲ့ခြေစမ်းပွဲကစားရာမှာတော့ ၁ဂိုးဖန်တီး ၁ဂိုးသွင်းကာ မာရက်ဇ် အသင်းကို ဦးဆောင်ကစားခဲ့ပါတယ်။

၂၃မိနစ်မှာတင် မာရက်ဇ်ရဲ့ ညာခြမ်းကနေ တိကျစွာ ပေးလိုက်တဲ့ ဘောလုံးကို လူငယ်ကစားသမား အီဒိုဇီက အသာအယာ ပိတ်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် မိနစ်၃၀အရောက်မှာ မာရက်ဇ်ရဲ့ အကွက်မြင်ပေးပို့မှုကနေ ကန်ဆယ်လို လွတ်ထွက်ကာ ထပ်မံ ညာခြမ်းကနေ ပေးပို့ရာကနေ အင်္ဂလန်လူငယ်ကစားသမား ဘန်နှိုက်က ဒုတိယဂိုး သွင်းယူခဲ့ပြန်ပါတယ်။

ထိုနောက်မှာတော့ ဒီပွဲရဲ့ အလှဆုံး ဂိုးဖြစ်တဲ့ သွင်းဂိုးအား မန်ဒီရဲ့ ဘယ်ခြမ်းကနေ အဝေးဘော ပေးပို့မှုကနေ မာရက်ဇ်က မြေမကျ ဂိုးသမား ဘရတ်ကောလင်းစ်ရဲ့ ထောင့်ထဲသို့တိုက်ရိုက် လှပစွာ သွင်းယူခဲ့ပါတယ်။

ပထမပိုင်းမပြီးခင် ပင်နယ်တီတစ်လုံးထပ်ရပေမယ့် ပယ်လ်မာရဲ့ ကန်ချက်အား ဘန်စလေဂိုးသမား ကောလင်းစ် ကာကွယ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နောက်ခံလူအကီက ၆၈မိနစ်တွင် အနီးကပ် ပိတ်သွင်းကာ မန်စီးတီးအသင်း စတုတ္ထမြောက်ဂိုး ရယူခဲ့တာပါ။

ဒုတိယပိုင်းမှာ ဂမ်ဒိုဂန်နှင့် ဇင်ချန်ကိုတို့ဝင်ကစားခဲ့ပြီး တဖက်မှာ စနေနေ့တွင် ကွန်မြူနတီဒိုင်းအဖြစ် လက်စတာနဲ့ကစားရမှာ ဖြစ်တာကြောင့် ပက်ဂွါဒီယိုလာအတွက် စီနီယာကစားသမား အများစုနဲ့ကန်ဖို့ရာ အချိန် အနည်းငယ်သာ လေ့ကျင်ချိန် ရှိနေပါတယ်။

ခြေစမ်းပွဲမှာ အစွမ်းပြသွားတဲ့ မာရက်ဇ်ဟာ မန်စီးတီးထံရောက်လာနိုင်တဲ့ ဂရီးလစ်ရှ်အား နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့အဆင့်သင့်ဖြစ်နေတယ်ဆိုတာ ပြသသွားခဲ့တာပါ။ အပြောင်းအရွှေ့ သတင်းတွေအရ ဂရီးလစ်ရှ်နဲ့အတူ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းပါ ရောက်လာနိုင်နေပါတယ်။ မာရက်ဇ်အတွက်ကတော့ တိုက်စစ်မှာ နေရာပျောက်ဆုံးသွားနိုင်တဲ့ အခြေအနေတွေ ရှိနေတာပါ။

မန်စီးတီးဟာ လာမယ့် အင်္ဂါနေ့တွင် ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ ဘလက်ဘန်းအသင်းနဲ့ခြေစမ်းပွဲ ထပ်မံ ကစားဖို့ ပြင်ဆင်ထားပါတယ်။

ZG

မန္စီးတီးအသင္းဟာ ၿပီးျပည္စုံတဲ့ ေျခစြမ္း မရေသးဘူးလို႔နည္းျပ ပက္ဂြါဒီယိုလာက ဝန္ခံေျပာၾကားခဲ့ေပမယ့္ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္ကေတာ့ သူရဲ႕ ေျခစြမ္းေကာင္းေတြကို ဆက္လက္ ထိန္းသိမ္းထားဆဲ ဆိုတာ ေျခစမ္းပြဲမွာ သက္ေသျပခဲ့ပါတယ္။

မန္စီးတီးအကယ္ဒမီကြင္းမွာ တံခါးပိတ္ ဘန္စေလနဲ႔ေျခစမ္းပြဲကစားရာမွာေတာ့ ၁ဂိုးဖန္တီး ၁ဂိုးသြင္းကာ မာရက္ဇ္ အသင္းကို ဦးေဆာင္ကစားခဲ့ပါတယ္။

၂၃မိနစ္မွာတင္ မာရက္ဇ္ရဲ႕ ညာျခမ္းကေန တိက်စြာ ေပးလိုက္တဲ့ ေဘာလုံးကို လူငယ္ကစားသမား အီဒိုဇီက အသာအယာ ပိတ္သြင္းႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ မိနစ္၃၀အေရာက္မွာ မာရက္ဇ္ရဲ႕ အကြက္ျမင္ေပးပို႔မႈကေန ကန္ဆယ္လို လြတ္ထြက္ကာ ထပ္မံ ညာျခမ္းကေန ေပးပို႔ရာကေန အဂၤလန္လူငယ္ကစားသမား ဘန္ႏႈိက္က ဒုတိယဂိုး သြင္းယူခဲ့ျပန္ပါတယ္။

ထိုေနာက္မွာေတာ့ ဒီပြဲရဲ႕ အလွဆုံး ဂိုးျဖစ္တဲ့ သြင္းဂိုးအား မန္ဒီရဲ႕ ဘယ္ျခမ္းကေန အေဝးေဘာ ေပးပို႔မႈကေန မာရက္ဇ္က ေျမမက် ဂိုးသမား ဘရတ္ေကာလင္းစ္ရဲ႕ ေထာင့္ထဲသို႔တိုက္႐ိုက္ လွပစြာ သြင္းယူခဲ့ပါတယ္။

ပထမပိုင္းမၿပီးခင္ ပင္နယ္တီတစ္လုံးထပ္ရေပမယ့္ ပယ္လ္မာရဲ႕ ကန္ခ်က္အား ဘန္စေလဂိုးသမား ေကာလင္းစ္ ကာကြယ္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ေနာက္ခံလူအကီက ၆၈မိနစ္တြင္ အနီးကပ္ ပိတ္သြင္းကာ မန္စီးတီးအသင္း စတုတၳေျမာက္ဂိုး ရယူခဲ့တာပါ။

ဒုတိယပိုင္းမွာ ဂမ္ဒိုဂန္ႏွင့္ ဇင္ခ်န္ကိုတို႔ဝင္ကစားခဲ့ၿပီး တဖက္မွာ စေနေန႔တြင္ ကြန္ျမဴနတီဒိုင္းအျဖစ္ လက္စတာနဲ႔ကစားရမွာ ျဖစ္တာေၾကာင့္ ပက္ဂြါဒီယိုလာအတြက္ စီနီယာကစားသမား အမ်ားစုနဲ႔ကန္ဖို႔ရာ အခ်ိန္ အနည္းငယ္သာ ေလ့က်င္ခ်ိန္ ရွိေနပါတယ္။

ေျခစမ္းပြဲမွာ အစြမ္းျပသြားတဲ့ မာရက္ဇ္ဟာ မန္စီးတီးထံေရာက္လာႏိုင္တဲ့ ဂရီးလစ္ရွ္အား ေနရာတစ္ေနရာအတြက္ တိုက္ပြဲဝင္ဖို႔အဆင့္သင့္ျဖစ္ေနတယ္ဆိုတာ ျပသသြားခဲ့တာပါ။ အေျပာင္းအေ႐ႊ႕ သတင္းေတြအရ ဂရီးလစ္ရွ္နဲ႔အတူ ေတာ့တင္ဟမ္တိုက္စစ္မႉး ဟယ္ရီကိန္းပါ ေရာက္လာႏိုင္ေနပါတယ္။ မာရက္ဇ္အတြက္ကေတာ့ တိုက္စစ္မွာ ေနရာေပ်ာက္ဆုံးသြားႏိုင္တဲ့ အေျခအေနေတြ ရွိေနတာပါ။

မန္စီးတီးဟာ လာမယ့္ အဂၤါေန႔တြင္ ခ်န္ပီယံရွစ္ကလပ္ျဖစ္တဲ့ ဘလက္ဘန္းအသင္းနဲ႔ေျခစမ္းပြဲ ထပ္မံ ကစားဖို႔ ျပင္ဆင္ထားပါတယ္။