ပိုက်ဆံမရှိပေမယ့် အကုန်ခေါ်ချင်နေတဲ့ ဘာစီလိုနာရဲ့ ပစ်မှတ်တွေထဲ စတာလင် လည်း ပါဝင်

ဘဏ္ဍာရေး အကြပ်အတည်းတွေ ရှိနေတဲ့ ဘာစီလိုနာအသင်းဟာ မန်စီးတီးစတား စတာလင်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာခေါ်ယူချင်နေဆဲလို့ သိရပါတယ်။

ဘာစီလိုနာဟာ ဘတ်ဂျပ် အနေအထားကြောင့် စတာလင်ကို ကနဦးအငှား ခေါ်ယူချင်နေတာဖြစ်ပေမယ့် စီးတီးဘက်ကတော့ အပြီးသတ်ရောင်းချချင်နေတာဖြစ်ပါတယ်။

သတင်းထောက်တစ်ဦးဖြစ်တဲ့ တိုနီကလည်း ဘာစီလိုနာဟာ စတာလင်ကို စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ ရေးသားတင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်သားဟာ စီးတီးအသင်းအတွက် ဒီရာသီမှာ ၃ ပွဲသာ ပါဝင်က စားခွင့်ရရှိာထးပြီး စွမ်းဆောင်ရည်ကောင်းတွေပျောက်ဆုံးနေပါတယ်။

အင်္ဂလန်သားဟာ ပြိုင်ပွဲစုံ ၁၄ ပွဲမှာလည်း ၁ ဂိုးသာသွင်ယူနိုင်ခဲ့ပြီး အဆိုပါဂိုးကလည်း သြဂုတ်လတုန်းက နောဝစ်ချ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

စတာလင် နဲ့ မန်စီးတီးတို့ကြားစာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်မှာကုန်ဆုံးမှာဖြစ်ကာ အနာဂတ်အတွက် မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။ စတာလင်ရဲ့ အပြောင်းအရွှေ့တန်ကြေးက ပေါင် ၈၁ သန်းအထိ ရှိနေကာ ပဲလေ့စ်နဲ့ပွဲမှာတော့ ဂရီးလစ်ချ်နေရာမှာ အစားဝင်ကစားပေးခဲ့ပါတယ်။

ဘာစီလိုနာဟာ မန်ယူအသင်း ကွင်းလယ်တိုက်စစ်သမား ဗန်ဒီဘိခ်ကိုလည်း ချိန်ရွယ်နေသေးပြီး နယ်သာလန်သားကိုလည်း အငှားနဲ့ပဲ ခေါ်ဖို့ ကြိုးစားဦးမှာ ဖြစ်ပါတယ်။

ZG

ဘ႑ာေရး အၾကပ္အတည္းေတြ ရွိေနတဲ့ ဘာစီလိုနာအသင္းဟာ မန္စီးတီးစတား စတာလင္ကို လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာေခၚယူခ်င္ေနဆဲလို႔ သိရပါတယ္။

ဘာစီလိုနာဟာ ဘတ္ဂ်ပ္ အေနအထားေၾကာင့္ စတာလင္ကို ကနဦးအငွား ေခၚယူခ်င္ေနတာျဖစ္ေပမယ့္ စီးတီးဘက္ကေတာ့ အၿပီးသတ္ေရာင္းခ်ခ်င္ေနတာျဖစ္ပါတယ္။

သတင္းေထာက္တစ္ဦးျဖစ္တဲ့ တိုနီကလည္း ဘာစီလိုနာဟာ စတာလင္ကို စိတ္ဝင္စားေနဆဲျဖစ္တယ္လို႔ ေရးသားတင္ခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္သားဟာ စီးတီးအသင္းအတြက္ ဒီရာသီမွာ ၃ ပြဲသာ ပါဝင္က စားခြင့္ရရွိာထးၿပီး စြမ္းေဆာင္ရည္ေကာင္းေတြေပ်ာက္ဆုံးေနပါတယ္။

အဂၤလန္သားဟာ ၿပိဳင္ပြဲစုံ ၁၄ ပြဲမွာလည္း ၁ ဂိုးသာသြင္ယူႏိုင္ခဲ့ၿပီး အဆိုပါဂိုးကလည္း ၾသဂုတ္လတုန္းက ေနာဝစ္ခ်္ကို ၅ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ သြင္းယူခဲ့တာျဖစ္ပါတယ္။

စတာလင္ နဲ႔ မန္စီးတီးတို႔ၾကားစာခ်ဳပ္သက္တမ္းက ၂၀၂၃ ခုႏွစ္မွာကုန္ဆုံးမွာျဖစ္ကာ အနာဂတ္အတြက္ မဆုံးျဖတ္ရေသးတာျဖစ္ပါတယ္။ စတာလင္ရဲ႕ အေျပာင္းအေ႐ႊ႕တန္ေၾကးက ေပါင္ ၈၁ သန္းအထိ ရွိေနကာ ပဲေလ့စ္နဲ႔ပြဲမွာေတာ့ ဂရီးလစ္ခ်္ေနရာမွာ အစားဝင္ကစားေပးခဲ့ပါတယ္။

ဘာစီလိုနာဟာ မန္ယူအသင္း ကြင္းလယ္တိုက္စစ္သမား ဗန္ဒီဘိခ္ကိုလည္း ခ်ိန္ရြယ္ေနေသးျပီး နယ္သာလန္သားကိုလည္း အငွားနဲ႕ပဲ ေခၚဖို႔ ၾကိဳးစားဦးမွာ ျဖစ္ပါတယ္။