မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ လီအိုက အနာဂတ် အတွက် ဆုံးဖြတ်လိုက်ပါပြီ
အေစီမီလန်ကြယ်ပွင့် ရာဖေးလ် လီအို ဟာ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဆီကနေ စိတ်ဝင်စားမှု ခံနေရချိန်မှာ အနာဂတ်နဲ့ပတ်သက်ပြီး နောက်ဆုံးသတင်းသစ်ကို ပေးသွားခဲ့ပါတယ်။
လီအိုဟာ ပြီးခဲ့တဲ့ ၄ ရာသီအတွင်း အေစီမီလန်ရဲ့ အရေးအပါဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အီတလီ စီးရီးအေ ထိပ်သီးအသင်းကြီးအတွက် ၁၃၅ ပွဲမှာ ၃၄ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေဖလားအောင်ပွဲမှာ အေစီမီလန်အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး စီရီးအေရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုနဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။

ရာဖေးလ် လီအိုရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပရီးမီးယားလိဂ် ထိပ်သ အသင်း ၂ သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ကမ္ဘာ့ဖလားအပြီး ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အင်္ဂလန်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အေစီမီလန်အသင်းက ပေါ်တူဂီကြယ်ပွင့်အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေးကို ပေါင် ၈၇ သန်း တောင်းဆိုနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ရာဖေးလ် လီအိုကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ မကြာသေးမီက အရှိုက်ထိုးခံခဲ့ရပြီး စီးရီးအေကလပ်အသင်းကြီးဟာ ပေါ်တူဂီကြယ်ပွင့်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တာကြောင့် ဖြစ်ပါတယ်။
ရာဖေးလ် လီအိုက အဲဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ နောက်ဆုံး အခြေအနေကို အခုလို ထုတ်ဖော် ပြောဆို ပေးလိုက်ပြီ ဖြစ်ပါတယ်။
“ကျွန်တော် ကမ္ဘာ့ဖလားပြီးတာနဲ့ ကျွန်တော့်စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး အေစီမီလန်နဲ့ စကားပြောသွားမှာပါ။ ကျွန်တော်တို့ မာလ်ဒီးနီနဲ့ ကမ္ဘာ့ဖလားမတိုင်ခင် ကောင်းမွန်တဲ့ တွေ့ဆုံမှု ရှိခဲ့ပါတယ်။ အဲဒါက ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခုပါ။ ကျွန်တော်တို့ ကမ္ဘာ့ဖလားနားရက်အပြီးမှာ အသေးစိတ် ပြောဆိုသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အေစီမီလန် အားကစားဒါရိုက်တာ ဖရက်ဒရစ် မက်ဆာရာက ပြီးခဲ့တဲ့လက ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့ကို သတိ ပေးခဲ့ပါတယ်။
“ကျွန်တော်တို့ ရာဖေးလ် လီအိုနဲ့ သဘောတူညီမှု ရရှိမယ်လို့ ယုံကြည်ချက်ရှိပြီး သူရဲ့ စာချုပ်ကို သက်တမ်းတိုးနိုင်မှာပါ။ ကျွန်တော်တို့ ရာဖာနဲ့ပတ်သက်ပြီး အချိန်တော်တော်ကြာ အဖြေရှာတွေ့ဖို့အတွက် ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးက ရာဖေးလ် လီအိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပြီး ကမ်းလှမ်းမှု မလုပ်ခင် ငြင်းဆန် ခံခဲ့ရပါတယ်။