အဘူဒါဘီ ထရိန်နင် သို့ လိုက်လာတဲ့ ဂျိမ်းစ်၊ ပူလီဆစ်ကိုချိန်လာတဲ့ ကာဆယ်၊ ဒီကလန်ရိုက်စ်၊ လီယာအို နဲ့ ချယ်ဆီး သတင်းတိုများ စုစည်းမှု

ဒီ ကလန်ရိုက်စ်အပေါ် ချယ်ဆီး အပါအဝင် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု ပြင်းထန်လာသလို ဝက်စ်ဟမ်း ကွင်းလယ်လူ ဟာ ချန်ပီယံလိဂ်မှာ ကစားချင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ချဲလ်ဆီး နောက်ခံလူ ရီစီဂျိမ်း ဟာ အဘူဒါဘီ က ချယ်ဆီး စခန်းသွင်း လေ့ကျင့်မှုကို လိုက်ပါလာပြီး လေ့ကျင့်ခန်း ဆင်းနေတာ မြင်တွေ့ခဲ့ရပါတယ်။

လော့တပ်ချိခ် ကတော့ ဒဏ်ရာ အသေးစားလေး ရရှိနေတာ မသက်သာသေးတာကြောင့် အဘူဒါဘီ ခရီးစဉ်ကို လိုက်ပါ လာခဲ့ခြင်း မရှိကြောင်းလည်းသိရပါတယ်။

နယူးကာဆယ်ဟာ ချယ်ဆီးတောင်ပံကစားသမား ပူလီဆစ်ကို ခေါ်ယူဖို့ စဉ်းစားသွားမှာဖြစ်ပါတယ်။ သူဟာ နယူး ကာဆယ် ရဲ့ အကြိုက်နဲ့ ကိုက်ညီပြီး စူပါစတား တစ်ယောက်လို သတ်မှတ်ခံရမှာမဟုတ်ပေမယ့် အသင်းရဲ့ ကစားပုံနဲ့ ကောင်းကောင်း အံဝင်လိမ့်မယ်လို့ ထင်ရပါတယ်။

ချယ်ဆီးနဲ့ မန်ယူ ပစ်မှတ်ထားနေတဲ့ လီယာအို ဟာ အေစီမီလန်မှာ ပျော်နေတယ်လို့ နည်းပြ ပီအိုလီက ယုံကြည်နေသလို စာချုပ်သစ်ကိစ္စအတွက် သတင်းကောင်း ကို စောင့်မျှော်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ချယ်ဆီး ဟာ ဗက်စကို ဒဂါးမားထံကနေ ဘာစီလိုနာပစ်မှတ် အန်ဒရေး ဆန်းတို့စ်ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ ပါဝင် လာခဲ့ပါတယ်။ ဆန်းတို့စ် ဘာကာရဲ့ ရေဒါထဲ ရှိနေခဲ့ပေမယ့် အခု ချယ်ဆီးကပါ သူတို့နဲ့ အပြိုင်ကြိုးစားလာတော့မှာ ဖြစ်ပါတယ်။

ဒန်ဇယ်ဒမ်ဖရိုင်းဟာ ချယ်ဆီးနဲ့ ချိတ်ဆက်ခံနေရတာကို ချီးကျူးမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပေမယ့် အခုချိန်မှာ နိုင်ငံ အသင်းနဲ့ အင်တာမီလန်အတွက်ပဲ အာရုံထဲရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။