အာဂျင်တီးနားကို ဒီ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင် လုပ်နိုင်ရင် မက်ဆီကို သမ္မတ တင်မြှောက်ရမယ် လို့ နိုင်ငံအကြီးအကဲဟောင်း ထုတ်ပြော

လီယွန်နယ် မက်ဆီသာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား ကို အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ရင် သမ္မတအဖြစ် ရွေးကောက်ခြင်းခံရမယ်လို့ အာဂျင်တီးနား သမ္မတဟောင်း မူရီဆီယို မက်ခရီက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားပြီး အသင်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနေတဲ့ ကစားသမား ဖြစ်ပါတယ်။

ကမ္ဘာတလွှားက အာဂျင်တီးနားပရိသတ်တွေဟာ လီယွန်နယ် မက်ဆီက အသင်းကို ၁၉၈၆ ကမ္ဘာ့ဖလား နောက်ပိုင်း ကမ္ဘာ့ဖလားအောင်မြင်မှုကို ရရှိအောင် ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။

အာဂျင်တီးနားသမ္မတဟောင်း မက်ခရီကလည်း လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်ဆိုရင် သမ္မတအဖြစ်ပါ ရွေးကောက် တင်မြှောက်ခြင်း ခံရလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့အားလုံး သူ့ကို သမ္မတအဖြစ် ရွေးကောက်တင်မြောက်ရပါလိမ့်မယ်။ ဟုတ်ပါတယ်။ အရေး အကြီးဆုံးအရာက အသင်းက သူတို့ဘာသာ သူတို့ ပျော်ရွှင်ခံစားနေဖို့ပါ။

ရာသီဥတုကလည်း ကောင်းမွန်ပြီး အဲဒါက စကာလိုနီရဲ့ ကျေးဇူးတွေပါ။ နည်းပြအဖွဲ့က ကျန်းမာတဲ့သူတွေပါ။ ကမ္ဘာ့ဖလားရဲ့မြင်ကွင်းက အာဂျင်တီးနား ပရိသတ်တွေပဲ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ဒီနှစ် ကာတာ ကမ္ဘာ့ဖလားကို စိတ်ပျက်ဖွယ်စတင်ခဲ့တာဖြစ်ပြီး ဆော်ဒီ အာရေဗျအသင်းကို ၂-၁ နဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးတဲ့ အာဂျင်တီးနားဟာ မက္ကဆီကိုနဲ့ ပိုလန်တို့ကို ဆက်တိုက် အနိုင်ယူပြီးနောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၁၆ သင်းရှုံးထွက်အဆင့်မှာလည်း မက်ဆီရဲ့ မှော်ဝင်ခြေစွမ်းကြောင့် သြစတြေးလျကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။