မော်ရိုကို အသင်းကို ပုံအောလိုက်လို့ ညတွင်းချင်း သန်းကြွယ်သူဌေး ဖြစ်သွားတဲ့ ကျောင်းဆရာလေး

အမေရိကန်က ကျောင်းဆရာတစ်ဦးဟာ မော်ရိုကို အသင်းဘက်ကနေ ရူးသွပ်လောက်စရာ လောင်းကြေး အနိုင်ရရှိခဲ့ပြီးနောက် နေ့ချင်းညချင်း မီလျံနာသူဌေးတစ်ယောက် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ဘောလုံးပွဲလောင်းသူတစ်ဦးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းက ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ်ဆိုတဲ့ဘက်ကနေ လောင်းကြေးထည့်ခဲ့ပြီနောက် အမေရိကန်ဒေါ်လာ ၁ သန်း အနိုင်ရရှိခဲ့ပါတယ်။

Action Network ရဲ့ ဖော်ပြချက်အရ အသက် ၂၀ ကျော်ပိုင်း နယူးယောက်က ကျောင်းဆရာတစ်တစ်ဦးဟာ မော်ရိုကိုက စပိန်အသင်းကို ၁၆ သင်းရှုံးထွက်အဆင့်မှာ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ့် ဘက်ကနေ အမေရိကန်ဒေါ်လာ ၉၀၈၁၈.၁၉ ဒေါ်လာ လောင်းကြေးထပ်ခဲ့တယ်လို့ သိရပါတယ်။

ဘောလုံးပွဲလောင်းထားတဲ့ ကျောင်းဆရာဟာ မူလတန်းကျောင်းမှာ ကလေးတွေကို ဘော်လီဘောကစားနည်း သင်ကြားပေးတဲ့ ဆရာတစ်ဦးဖြစ်ပြီး မော်ရိုကိုအသင်းက ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် လောင်းကြေးငွေ ရရှိလာမှာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေခဲ့တယ်လို့ နားလည်ရပါတယ်။

“ကျွန်တော့်ဖုန်းကို တစ်မိနစ်နေတိုင်း တစ်ခါ စစ်ကြည့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အဲဒီပွဲကိုတော့ မကြည့်ခဲ့ပါဘူး။ ကျွန်တော် ကစားသမား တစ်ယောက်ရဲ့နာမည်တောင် မသိပါဘူး။

ကျွန်တော် ဘာလုပ်ခဲ့လဲဆိုတာ သိခဲ့တယ်လို့ ပြောပြီး လိမ်ပြောမှာမဟုတ်ပါဘူး။ အဆုံးမှာတော့ အဲဒါက ကံကောင်းတဲ့ လောင်းကြေးထပ်မှုဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သာမန် စိတ်ဓာတ် ကျတတ်တဲ့ သူတစ်ယောက်ပါ” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မော်ရိုကိုအသင်းဟာ ပြီးခဲ့တဲ့ ၁၆သင်း ရှုံးထွက် အဆင့်မှာ စပိန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၀ နဲ့ အနိုင် ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်အထိ အမြင့်မားဆုံး တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတ်နိုင်သလောက် ဝေးဝေးသွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး စနေနေ့ ညမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။