ရိုနယ်ဒို အတွက် ဖြေရှင်းတဲ့ နည်းပြ၊ လူသစ် ရတော့မယ့် အာဆင်နယ်၊ ဂါနာချို ကို ချိန်တဲ့ ရီးရဲလ်နဲ့ နောက်ဆုံးရ ဘောလုံး သတင်းထူးများ
ဘရာဇီး လက်ရွေးစင် နည်းပြကြီး တီတီ ကတော့ မနေ့ညက ပွဲ အပြီးမှာ လက်ရွေးစင် နည်းပြ ရာထူး ကနေ နှုတ်ထွက် သွားခဲ့ကြောင်း ကြေညာခဲ့ ပါတယ်။
အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ နဲ့ ဂိုးသမား မာတီနက် တို့ဟာ နယ်သာလန် နဲ့ ပွဲကို တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင် အပေါ် ဝေဖန် ပြောဆို မှတ်ချက် ပေးခဲ့ကြပြီး နောက်ထပ် ဒီလို ဒိုင်လူကြီးမျိုး ထပ်မကြုံဖို့ မျှော်လင့်ကြောင်း ဂိုးသမား အီမီလီယာနို မာတီနက် က ပြောဆိုခဲ့ ပါတယ် ။
ပေါ်တူဂီ လက်ရွေးစင် နည်းပြကြီး ဆန်းတိုစ့် က ဆွစ်ဇာလန် နဲ့ ပွဲမှာ ရိုနယ်ဒို ကို အရန်ခုံ ထိုင်ခိုင်း ခဲ့တာဟာ နည်းဗျူဟာ မြောက် ဆုံးဖြတ်ချက် ဖြစ်ပြီး အဆိုပါ ကိစ္စ အတွက် ရိုနယ်ဒို နဲ့ ကြိုတင် ဆွေးနွေး ခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ ပါတယ်။

ဒါ့အပြင် ဖာနန်ဒို ဆန်းတိုစ့် က မီဒီယာတွေ အနေနဲ့ ရိုနယ်ဒို ကို ပစ်မှတ်ထား မေးမြန်းပြောဆို နေတာတွေ ရပ်တန်းက ရပ်ဖို့လည်း တိုက်တွန်းသွားခဲ့ ပါတယ်။
အင်္ဂလန် တောင်ပံ ကစားသမား ရာဟင်းစတာလင် ဟာ မနေ့က အသင်းနဲ့ ပြန်လည် လေ့ကျင့်မှု ပြုလုပ် ခဲ့ပြီး ဒီကနေ့ ကစားမယ့် ပြင်သစ် နဲ့ ပွဲအတွက် အဆင်သင့် ဖြစ်နေပြီလို့ သိရှိရ ပါတယ်။
အာဆင်နယ် အသင်းကတော့ ဖရန့်ဖတ် ရဲ့ ပြင်သစ် နောက်ခံလူ အီဗန် အန်ဒစ်ကာ ကို လာမယ့် နွေရာသီမှာ အလွတ် နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ကြားသိရ ပါတယ် ။
ဘရာဇီး နဲ့ ကမ္ဘာ့ဖလား အိပ်မက်တွေ အဆုံးသတ်ခဲ့ရတာကြောင့် ကြေကွဲဝမ်းနည်း နေတဲ့ နေမာ ဟာ သူ့ရဲ့ လက်ရွေးစင် အနာဂါတ် ကို ဘာမှ အာမမခံ နိုင်ဘူးလို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

အေစီမီလန် ကတော့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြ နေတဲ့ ချဲလ်ဆီး တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ကို ဇန်နဝါရီမှ အရ ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ဆွေးနွေး လုပ်ဆောင်နေပြီလို့ ကြားသိရ ပါတယ် ။
ရီးရဲမက်ဒရစ် ဟာ မန်ချက်စတာ ယူနိုက်တက် မှာ တောက်ပ နေတဲ့ လူငယ်လေး အဲလီဂျန်ဒရို ဂါနာချို ကို စောင့်ကြည့် နေပြီး မက်ဒရစ်ဖွား အာဂျင်တိုင်းသားလေး ကို အခွင့်သင့်က ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။
အပြောင်းအရွှေ့ သတင်းတွေ မှာတော့ အင်တာမီလန် နောက်ခံလူ ဘတ်စတိုနီ ရဲ့ အေးဂျင့် ဟာ တော့တင်ဟမ် ဟော့စပါး အသင်းဆီက ချိတ်ဆက်မှုတွေ ရရှိခဲ့တယ်လို့ ထုတ်ဖော် ပြောဆို လာခဲ့ ပါတယ် ။