ဟော့နေတဲ့ ခရိုအေးရှား နောက်ခံလူ၊ ပေါ်တူဂီ အသင်းနဲ့ အတူ မပြန်တော့တဲ့ ရိုနယ်ဒို၊ ဒိတ်ပေး ထားတဲ့ ဇာဗီနဲ့ နံနက်ခင်း ဘောလုံး သတင်းများ

အာဂျင်တီးနား နဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်နေတဲ့ ဘရိုက်တန် ကွင်းလယ်လူ မက် အလစ်စတာ ကို အက်သလက်တီကို မက်ဒရစ် ၊ အင်တာမီလန် နဲ့ ယူဗင်တပ် အသင်းတွေက စောင့်ကြည့် စိတ်ဝင်စားလာကြတယ်လို့ သိရပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဘက်စကွက် ဟာ ကမ္ဘာ့ဖလား ကနေ အိမ်ပြန် ခဲ့ရ အပြီးမှာ စပိန် လက်ရွေးစင် အသင်း ကနေ အနားယူဖို့ စိတ်ကူးနေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ်။

ခရစ္စတီယာနို ရိုနယ်ဒို အပါအဝင် ကစားသမား ၁၀ ယောက်ဟာ ကမ္ဘာ့ဖလား ကနေ ထွက်ခွာ ခဲ့ရတဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ လစ္စဘွန်း ကို မပြန်လာခဲ့ဘဲ ကိုယ်စီ ထွက်ခွာ ခဲ့ကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားမှာ ခရိုအေးရှား နဲ့ ခြေစွမ်းတွေ ပြသနေတဲ့ လိုက်ပ်ဇစ် ခံစစ်မှူး ဂျီဗာဒေါ ကို ဥရောပ ထိပ်သီးတွေ ဖြစ်တဲ့ ဘိုင်ယန်၊ ရီးရဲလ်၊ ဘာစီလိုနာ တို့ အပြင် ချဲလ်ဆီး၊ မန်စီးတီးနဲ့ မန်ယူအသင်းတို့က အပြိုင် ချိတ်ဆက်နေကြပါတယ်။

ဂျီဗာဒေါ ရဲ့ ဈေးကွက် တန်ကြေးဟာ ယူရို သန်း ၉၀ အထိ ရှိနေပြီး ကမ္ဘာ့ဖလား က ခြေစွမ်းကောင်းတွေကြောင့် သန်း ၁၀၀ အထိ ရောက်ရှိ သွားနိုင်ပါတယ်။

ချဲလ်ဆီး ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကွန်ကူ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ပြီးပေမယ့် တိုက်စစ်ကို ထပ်မံ အားဖြည့်ဖို့ စိတ်ကူး ရှိနေပြီး အေစီမီလန် တိုက်စစ်မှူး ရာဖေး လီယို ဆက်လက် ကြိုးစား နေတယ်လို့ သိရပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း အိုဇေးလ် ဟာ ကမ္ဘာ့ဖလား ကနေ အိမ်ပြန် လာခဲ့ရတဲ့ အင်္ဂလန် က အာဆင်နယ် တောင်ပံ ကစားသမားလေး ဘူကာယို ဆာကာ အတွက် ဂုဏ်ယူကြောင်း နဲ့ အနာဂါတ်တွေ အများကြီး ရှိသေးကြောင်း အားပေးသွားခဲ့ပါတယ်။

ပြင်သစ် ထိပ်သီး ကလပ် PSG ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ကို တပတ် လုပ်ခ ပေါင် ၈ သိန်းကျော် နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ်။

တော့တင်ဟမ် ဟော့စပါး နဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့ကတော့ အင်တာမီလန် ရဲ့ နယ်သာလန် ခံစစ်မှူး စတီဖန် ဒီဗာ့ဂျ် ကို အပြိုင် စိတ်ဝင်စားနေပါတယ်။

အင်္ဂလန် အသင်းကနေ စောစော ခွဲခွာပြီး အိမ်ပြန် လာခဲ့တဲ့ ဘန်ဝှိုက် ဟာ အာဆင်နယ် အသင်း နဲ့ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နေပြီလို့ သိရပါတယ်။

ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ ကမ္ဘာ့ဖလား ဝင် ကစားထားတဲ့ ဘောလုံးသမား အားလုံးကို ဒီဇင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး အသင်းထံ ပြန်လည် သတင်းပို့ဖို့ အချိန် သတ်မှတ်ပေးခဲ့ပါတယ်။

ဒဏ်ရာ ရရှိနေတဲ့ လီဗာပူး ရဲ့ ဘရာဇီး ကွင်းလယ်လူ အာသာမယ်လို ဟာလည်း သတ်မှတ် ထားတဲ့ ရက်ထက် စောပြီး ပြန်လည် လေ့ကျင့်မှု ပြုလုပ် နိုင်ဖွယ် ရှိတယ်လို့ ကြားသိရပါတယ်။