ဒီည အတ္တလန္တာကို မန်ယူ မနိုင်ဘူး ဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ဒီနေ့ညမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဖြစ် အတ္တလန္တာ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။
ပထမအကျော့ အိုးထရက်ဖို့ဒ်မှာ ကစားရစဉ်က မန်ယူ အသင်းဟာ အတ္တလန္တာ ကို နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစားပြီး ၃-၂ နဲ့ အနိုင်ရခဲ့တာပါ။
နာမည်ကျော် တိုက်စစ်မှုး မိုက်ကယ်အိုဝက်ကတော့ အတ္တလန္တာ ကို အီတလီမြေမှာ မန်ယူ မနိုင်ဘူးလို့ ယူဆထားပါတယ်။ ဒီည ပွဲချိန်ကတော့ အင်္ဂါည (သို့မဟုတ်) ဗုဒ္ဓဟူးနေ့၊ နံနက် ၂း၃ဝ နာရီပါ။
အိုဝင်က – ” စနေနေ့က ယူနိုက်တက်ရဲ့ ဘောလုံးရာသီကို ကယ်တင်ခဲ့တယ်လို့ ပြောလို့ရတဲ့ပွဲအပြီး ဒီပွဲကလည်း ကြီးမားတဲ့ ပွဲတစ်ပွဲပါ။ အပြောင်းအလဲတွေက အရမ်းကို အလုပ်ဖြစ်ထားပါတယ်။ ကာဗာနီ၊ ရော်နယ်ဒို တိုက်စစ်တွဲလုံးက ပြိုင်ဘက်အသင်းတွေကို ပြဿနာတွေ အများကြီး ပေးနိုင်စွမ်း ရှိပါတယ်။
ဒီပွဲက ခက်ခဲမှာဖြစ်ပေမယ့်လို့ သရေဆိုတာကလည်း ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ကျနော်ကတော့ ၁-၁ ဖြစ်မယ် ထင်ပါတယ်။ ” လို့ သုံးသပ် ခန့်မှန်း ထားပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္ ဒီေန႔ညမွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ အျဖစ္ အတၱလႏၲာ အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာပါ။
ပထမအေက်ာ့ အိုးထရက္ဖို႔ဒ္မွာ ကစားရစဥ္က မန္ယူ အသင္းဟာ အတၱလႏၲာ ကို ေနာက္ကေန ခက္ခက္ခဲခဲ လိုက္ကစားျပီး ၃-၂ နဲ႕ အနုိင္ရခဲ့တာပါ။
နာမည္ေက်ာ္ တိုက္စစ္မႈး မိုက္ကယ္အိုဝက္ကေတာ့ အတၱလႏၲာ ကို အီတလီေျမမွာ မန္ယူ မနိုင္ဘူးလို႔ ယူဆထားပါတယ္။ ဒီည ပြဲခ်ိန္ကေတာ့ အဂၤါည (သို႔မဟုတ္) ဗုဒၶဟူးေန႔၊ နံနက္ ၂း၃ဝ နာရီပါ။
အိုဝင္က – ” စေနေန႔က ယူႏိုက္တက္ရဲ႕ ေဘာလုံးရာသီကို ကယ္တင္ခဲ့တယ္လို႔ ေျပာလို႔ရတဲ့ပြဲအၿပီး ဒီပြဲကလည္း ႀကီးမားတဲ့ ပြဲတစ္ပြဲပါ။ အေျပာင္းအလဲေတြက အရမ္းကို အလုပ္ျဖစ္ထားပါတယ္။ ကာဗာနီ၊ ေရာ္နယ္ဒို တိုက္စစ္တြဲလုံးက ၿပိဳင္ဘက္အသင္းေတြကို ျပႆနာေတြ အမ်ားႀကီး ေပးႏိုင္စြမ္း ရွိပါတယ္။
ဒီပြဲက ခက္ခဲမွာျဖစ္ေပမယ့္လို႔ သေရဆိုတာကလည္း ေကာင္းမြန္တဲ့ ရလဒ္ပါပဲ။ က်ေနာ္ကေတာ့ ၁-၁ ျဖစ္မယ္ ထင္ပါတယ္။ ” လို႔ သံုးသပ္ ခန္႔မွန္း ထားပါတယ္။