ဗိုလ်လုပွဲတက်တဲ့ ပြင်သစ်၊ မော်ရိုကို ကို အားပေးတဲ့ ပြင်သစ် သမ္မတ၊ ရိုနယ်ဒို ရီးရဲလ်မှာ ထရိန်နင် ဆင်းခြင်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ
မနေ့ညက ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲမှာတော့ ပြင်သစ် အသင်းဟာ မော်ရိုကို အသင်းကို ၂-၀ နဲ့ အနိုင် ကစားခဲ့ ကာ နောက်တကြိမ် ဗိုလ်လုပွဲဆီ လှမ်းတက် သွားခဲ့ပါပြီ။
ဒါကြောင့် လာမယ့် ၁၈ ရက်နေ့ မှာတော့ အာဂျင်တီးနား နဲ့ ပြင်သစ် အသင်းတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆု အတွက် အဆုံးအဖြတ် ခံယူ ကြရတော့မှာပါ ။
ပြင်သစ် သမ္မတ အီမန်နျူရယ် မာကွန် ဟာ ပွဲအပြီးမှာ မော်ရိုကို အသင်းရဲ့ အဝတ်လဲခန်းထဲ ကို လာရောက် လည်ပတ် ခဲ့ပြီး မော်ရိုကို ကွင်းလယ်လူ အမ်ရာဘတ် ကို ချီးကျုး ပြောဆိုမှု ပြုလုပ် သွားခဲ့တယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ပေါ်တူဂီ ကြယ်ပွင့် ဖြစ်တဲ့ ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ကာလို ရာမိုစ့် နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ စတင် ပြုလုပ် နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ်။

မန်ယူနိုက်တက် နဲ့ စာချုပ် ဖျက်သိမ်း ခဲ့တဲ့ တိုက်စစ်မှူးကြီး ရိုနယ်ဒို ကတော့ အသင်းဟောင်း ရီးရဲမက်ဒရစ် ရဲ့ လေ့ကျင့်ရေး ကွင်းမှာ တယောက်တည်း လေ့ကျင့်မှုတွေ ပြုလုပ် နေခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရိုနယ်ဒို ဟာ မိခင် နိုင်ငံ ပေါ်တူဂီ မှာ နောက်ထပ် ဟိုတယ် တလုံး ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ် လို့လည်း သိရပါတယ်။
ဘာစီလိုနာ ဟာ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား အပြင် ဂျာမန် ဝါရင့် ကစားသမားကြီး ဂွမ်ဒိုဝမ် ကိုလည်း ခေါ်ယူ နိုင်ဖို့ စောင့်ကြည့် အကဲခတ် နေတယ်လို့ သိရပါတယ် ။ ဂွမ်ဒိုဝမ် ဟာ နွေရာသီမှာ မန်စီးတီး နဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပြီး ဘာဆာ က အလွတ် နဲ့ ခေါ်ယူ နိုင်မှာ ဖြစ်ပါတယ် ။
အာဆင်နယ် ကတော့ ကာလရှည် စောင့်ကြည့် ထားတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ တိုင်လေမန်းစ် အတွက် လက်စတာ စီးတီး ဆီကို ကမ်းလှမ်းမှု စတင် ပြုလုပ်တော့မယ်လို့ သိရှိရ ပါတယ်။

ဘိုင်ယန်မြူးနစ် ကတော့ ဒဏ်ရာကြောင့် ရာသီကုန် အထိ နားရမယ့် ဂိုးသမားကြီး နူအာ ရဲ့ နေရာ ကို မော်ရိုကို နဲ့ ကမ္ဘာ့ဖလားမှာ လက်စွမ်းပြ နေတဲ့ ဂိုးသမား ဘိုနို နဲ့ အစားထိုးဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အာဆင်နယ် နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း ဂျက် ဝီလ်ရှိုင်းယား ကတော့ နယူးကာဆယ် နည်းပြ အက်ဒီဟောင်း ဟာ ဂါရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန် နည်းပြ ရာထူး အတွက် အသင့်တော်ဆုံး နည်းပြ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ်။
ချဲလ်ဆီး အသင်းဟာ ဂျာမနီ လက်ရွေးစင် အသင်းကြီး နဲ့ ကမ္ဘာ့ဖလားကို လိုက်ပါခွင့် ရရှိ ခဲ့တဲ့ ဒေါ့မွန် လူငယ် တိုက်စစ်မှူးလေး မူကိုကို ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေပြီး ယူရို ၉ သန်း နဲ့ ကမ်းလှမ်းထားတယ်လို့ ကြားသိရ ပါတယ် ။
အက်စတွန် ဗီလာ နည်းပြသစ် အူနိုင်း အမ်မရီ ကတော့ အသင်းဟောင်း ဗီလာရီးရဲ ရဲ့ ခံစစ်မှူး ပါအု တောရက်စ် ကို ပရီးမီးယားလိဂ်ထံ ခေါ်ဆောင်လာဖို့ စိတ်ကူးရှိနေတယ်လို့လည်း သိရပါတယ် ။