ပြင်သစ်နဲ့ အာဂျင်တီးနားတို့ထဲ ဘယ်အသင်းက ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ အလေးသာလဲ ရီယို ဖာဒီနန် သုံးသပ်
မန်ယူ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က လာမယ့် တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ထဲ ဘယ်အသင်းက ကမ္ဘာ့ဖလားကို ရရှိဖို့ အလားအလာ ပိုကောင်းနေသလဲ ဆိုတာ သုံးသပ် ပြောကြားခဲ့ပါတယ်။
ပြင်သစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခရိုအေးရှားကို အနိုင်ယူခဲ့ပြီးနောက် နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း ကလည်း အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ၎င်းရဲ့နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အားကုန်ထုတ် တောက်ပနေတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံကစားသမား ရီယို ဖာဒီနန်က ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့ည ဗိုလ်လုပွဲမှာ ကွဲပြားခြားနားမှုတွေ ဖြစ်စေနိုင်လိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
“လီယွန်နယ် မက်ဆီအတွက် ကြယ်တွေတောင်မှ စီတန်းနေတယ်လို့ ထင်ပါတယ်။ ကျွန်တာ် သူ ဒီပြိုင်ပွဲအတွင်းမှာ ပွဲပေါင်း ၁၀၀၀ ပြည့်မြောက်တာကို မြင်ခဲ့ရတယ်။ ဘယ်သူက အကောင်းဆုံးလဲ။ မာရာဒိုနာလား၊ မက်ဆီလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ လူတွေက မက်ဆီ ကမ္ဘာ့ဖလား အနိုင်မရသေးဘူးလို့ ပြောကြတယ်။ အခုက သူ့ရဲ့ အခိုက်အတန့်ဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့ မော်ရိုကိုအသင်း အနိုင်ရရှိစေချင်ခဲ့ကြပေမယ့်လည်း အခုတော့ ဗိုလ်လုပွဲမှာ ကြယ်ပွင့်ကစားသမား ၂ ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ အမ်ဘာပေတို့ ၂ ယောက်ပါဝင်တဲ့ ဗိုလ်လုပွဲကို ကြုံရပြီ။ အဲဒါက တစ်စုံတယောက် ပုခုံးပေါ်က တာဝန်တွေကို လွှဲပြောင်းပေးတာ ဖြစ်နိုင်ပါတယ်။ ဘယ်သူ သိနိုင်မလဲ”
“အရမ်းကောင်းတဲ့ ပွဲစဉ်ဖြစ်လာနိုင်တဲ့ မတူညီတဲ့ လှည့်ကွက်တွေလည်း အများကြီးရှိနေပါတယ်။ ပြင်သစ်က အရမ်း ကောင်းတဲ့အတွက် လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားတို့က နည်းနည်းတော့ အခက်တွေ့ပါလိမ့်မယ်။ သူတို့တွေ အနေနဲ့ ပြင်သစ်ကို အနိုင်ရနိုင်တဲ့ နေရာတွေ ရှိတယ်လို့ တွေးနေပါလိမ့်မယ်။
အထူးသဖြင့် သူတို့ခံစစ်ရဲ့ ဘယ်တောင်ပံဧရိယာကိုပေါ့။ ပြင်သစ်အသင်းက ပြေးလွှားနေတဲ့အချိန်မှာ သူတို့ နည်းနည်း စိတ်လှုပ်ရှားခဲ့ကြပြီး ယူလီယန် အဲဗရက်ဇ်နဲ့ မက်ဆီတို့က ကခုန်ပြီး လှည့်ကွက်တွေ ပြုလုပ်ပြနိုင်တာကြောင့် အရမ်းကောင်းတဲ့ ပွဲစဉ်ဖြစ်လာတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။