ရော်နယ်ဒို က သာ GOAT ဖြစ်ပြီး မက်ဆီက အနောက်မှာပဲ ရှိနေတယ်လို့ အခိုင်အမာ ပြောနေတဲ့ ပီးယာ့ဇ်မော်ဂန်

လီယွန်နယ် မက်ဆီ ဟာ အာဂျင်တီးနားနှင့် အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြသနေသော်လည်း ရော်နယ်ဒိုကသာ အကောင်းဆုံးဖြစ်ပြီး ကမ္ဘာ့ဖလားတစ်ခုမှာ ခြေစွမ်းပြသရုံနဲ့ GOAT တစ်ဦးမဟုတ်ကြောင်း ပီးယာ့စ်မော်ဂန်က ပြောကြားလိုက်ပါတယ်။

မက်ဆီဟာ ခရိုအေးရှားဟာ ၃ – ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ နောက်ထပ် တစ်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားကို ရရှိနိုင်ဖို့ ပွဲသာ ကစားရတော့မှာဖြစ်ပါတယ်။

ပရိသတ်တွေဟာ မက်ဆီဟာ အကောင်းဆုံး ကစားသမားဖြစ်ပါတယ်လို့ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က talkSPORT ရဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက အကောင်းဆုံး ကစားသမား အဖြစ် ရှိနေတုန်း ဖြစ်ပါတယ်လို့ မော်ဂန်က ပြောဆိုထားတာဖြစ်ပါတယ်။

“အဲ့ဒီအတွက် ကျွန်တော်က စိတ်အားထက်တန်ပြီး အမြဲတမ်းရော်နယ်ဒိုကို ကာကွယ်ပြောဆိုသွားမှာပါ။ သူလည်း ဆုဖလားနဲ့ ထိုက်တန်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်”

“ကမ္ဘာ့ဖလား တစ်ခုတည်းနဲ့ GOAT မဖြစ်သွားပါဘူး။ မက်ဆီကလည်း အဲ့ဒီဆုဖလားကို မရရှိခဲ့ဖူးပါဘူး” “မက်ဆီနဲ့ ရော်နယ်ဒိုကြားက အခြေအနေတွေကိုကြည့်မယ်ဆိုရင် ရော်နယ်ဒိုက သူ့ထက် ၂ နှစ်ကြီးတယ်ဆိုတာကို သတိရဖို့ အရေးကြီးပါတယ်”

“အသက်ကြီးတယ်ဆိုတာ သတိရဖို့ အရေးကြီးသလို ရော်နယ်ဒိုဟာ မက်ဆီလို ဘာစီလိုနာမှာပဲ ၁၇နှစ်လုံး သက်တောင့် သက်သာနေခဲ့သူမဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ် ၃ ခုအပါအဝင် မတူညီတဲ့ နိုင်ငံ ၄ ခုမှာ ဆုဖလားတွေကို ရရှိထားသူပါ” ”

မက်ဆီကတော့ ဒါတွေကို ဘာစီလိုနာမှာသာ လုပ်ထားနိုင်တာဖြစ်ပြီး သူ့ရဲ့နားမှာလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိနေတာဖြစ်ပါတယ်။ ရော်နယ်ဆိုက သူ့ဘာသာသူ ဦးဆောင်သွားတာဖြစ်ပါတယ်” လို့ မော်ဂန်က ပြောပါတယ်။

အင်္ဂါနေ့က ခရိုအေးရှားနှင့်ပွဲမှာ ခြေစွမ်းပြသခဲ့ပြီးနောက် ဂယ်ရီလိုင်ကာက တွစ်တာမှာ “ဒီမှာ ဆွေနွေး ငြင်းခုံစရာတော့ရှိလာပါပြီ။ GOAT အတွက်ကို မေးရတော့မှာပါ”လို့ ရေးသားထားပါတယ်။

သိပ်မကြာခင်မှာပဲ မော်ဂန် က “အဲ့ဒီလိုမရှိလာနိုင်ပါဘူး။ ဒါကတော့ ရော်နယ်ဒိုပါပဲ” လို့ ပြန်လည် ရေးသား ထားပါတယ်။

“ကမ္ဘာ့ဖလားပွဲစဉ်တစ်လျှောက်မှာ မက်ဆီရဲ့ပရိသတ်တွေဖြစ်တဲ့ အမျိုးသား အမျိုးသမီးတွေကို ကြည်ပြီး ရယ်ချင်မိပါတယ်။ သူက ကမ္ဘာ့ဖလားကို အကောင်းဆုံး ယှဉ်ပြိုင်နေတာဖြစ်ပြီး ဒါက သူ့အတွက် ပထမဆုံး ရနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်”

“ကစားသမား ဘဝ အချိန် အများစုကို ဘာစီလိုနာလိုအသင်းမှာနေခဲ့ပြီး ပြောင်းရွေ့တဲ့အချိန်ရောက်တော့လည်း အရမ်းကို လွယ်တဲ့ပြင်သစ်လီဂူးဝမ်းက ပီအက်စ်ဂျီသို့ ပြောင်းသွားခဲ့တာဖြစ်ပါတယ်”

“အမှန်က သူတို့နှစ်ဦးစလုံးက အကောင်းဆုံး ကစားသမားတွေဖြစ်သော်လည်း စကားရည်လုပြီး ငြင်းခုံရတာက လူတွေကို လှုံ့ဆောင်ပေးရာရောက်တဲ့ အတွက် ကျွန်တော်က သဘောကျပါတယ်။ ကျွန်တော့်အတွက်ကတော့ မာရာဒိုက အာဂျင်တီးနားအတွက် ကစားခဲ့တဲ့ ပွဲတိုင်းမှာ အကောင်းဆုံးဖြစ်ပြီး မက်ဆီကတော့ ဒီလိုဆုဖလားကို မရရှိထားသေးဘူး”

“ကစားသမားဘဝ သွင်းဂိုးတွေ၊ ချန်ပီယံလိဂ် သွင်းဂိုးတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ရော်နယ်ဒိုက ရှေ့မှာ ရှိနေပါတယ်။ သူက အမြင့်ဘောတွေမှာလည်း ကောင်းသလို၊ ဘယ်ခြေညာခြေနှစ်ခုစလုံးနှင့် ဂိုးသွင်းတာဖြစ်ပြီး မက်ဆီ ကတော့ ဘယ်ခြေတစ်ခုတည်းကိုသာ သန်တာဖြစ်ပါတယ်”

“ပြင်သစ်ကသာ ကမ္ဘာ့ဖလားကို ရရှိသွာပြီး မက်ဆီက ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အသဲခွဲသွားမျာဖြစ်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ မော်ဂန်က ပြောပါတယ်။