စီးတီး ယူရို သန်း ၁၃ဝ နဲ့ ကမ်းလှမ်းမယ့် နောက်ခံလူ၊ မက်ဆီနဲ့ ဘာပေကို စိတ်မဝင်စားတဲ့ နေမာ၊ တစ်ပွဲ မှ မနိုင်တဲ့ မန်ယူနဲ့ ယနေ့ညပိုင်း ထူးခြား ဘောလုံးသတင်းများ
ဘာစီလိုနာ အသင်းဟာ ဖီဖာ ကမ္ဘာ့ဖလားကို အသင်းသား ၁၇ ဦး စေလွှတ်ခဲ့မှု အတွက် ယူရို ၃.၈၈ သန်း ရရှိမှာ ဖြစ်သလို ကစားသမားဟောင်းနဲ့ ပတ်သက်ပြီး အကျိုး ခံစားခွင့်ရှိတဲ့ မူအရ ဂရစ်ဇ်မန်း (သို့) မက်ဆီ တဦးဦး ကမ္ဘာ့ဖလားကို ရရှိပါကလည်း ထပ်ဆောင်း ဆုကြေးတွေ ရရှိဦးမယ်လို့ သိရပါတယ်။
မန်ချက်စတာ စီးတီး အသင်းဟာ ကမ္ဘာ့ဖလားမှာ ပုံစံကောင်းတွေ ပြနေတဲ့ ခရိုအေးရှား လူငယ် ခံစစ်မှူး ဂျီဗာဒေါ ကို ယူရို သန်း ၁၃၀ အထိ ပေးချေကာ ခေါ်ယူဖို့ စတင် ပြင်ဆင်နေပြီလို့ အီတလီ သတင်းတွေက ဖော်ပြသွားပါတယ်။
ဘရာဇီးကြယ်ပွင့် နေမာကတော့ ကမ္ဘာ့ဖလား ကို မက်ဆီနဲ့ အမ်ဘာပေ ဘယ်သူရသွားမလဲ ဆိုတာ စိတ်မဝင်စားဘဲ ကိုယ့်ကိုကိုယ် အားပေးနေရတယ် လို့ ဆိုခဲ့ပါတယ်။

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ရီးရဲ လေ့ကျင့်ရေးကွင်းမှာ ၂ ရက်မြောက် အဖြစ် ဆက်လက် လေ့ကျင့် နေပါတယ်။ ဒါပေမယ့် အသင်းသားတွေနဲ့ မဟုတ်ဘဲ သီးသန့်သာ လေ့ကျင့်ဖို့ ခွင့်ပြု ထားတယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံ ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနား ဟာ မန်စီးတီး အသင်းဆီ ပြန်လည် ရောက်ရှိ လာကာ လေ့ကျင့်မှု ပြန်လည် စတင် နေပြီလို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က အဲဗာတန် အသင်းနဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ပြီး ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ယူနိုက်တက် ဟာ ကမ္ဘာ့ဖလားကာလမှာ ခြေစမ်းပွဲ ၃ ပွဲ ကစားခဲ့ပြီး ၂ ပွဲရှုံး ၁ ပွဲသရေ ရလဒ်သာ ထွက်ထားပါတယ်။
ရီးရဲမက်ဒရစ် ဟာ ပါမေးရပ်စ် အသင်းမှာ ကစားနေတဲ့ ဘရာဇီး လူငယ် ကြယ်ပွင့်လေး အန်းဒရစ် ကို ခေါ်ယူ သွားနိုင်ခဲ့ ပါပြီ။ ရီးရဲ ဟာ ၁၆ နှစ်သားလေး အတွက် ယူရို သန်း ၆၀ ပေးချေ ရမှာ ဖြစ်ပြီး အပိုဆုကြေးတွေ ပါရှိသလို ယူရို ၁၂ သန်း ကိုလည်း အခွန်အခ အဖြစ် ပေးချေသွားရမယ် လို့ သိရပါတယ်။